Seolhyun တစ်ယောက် သူ့မင်းသားလေးအကြောင်း အားရပါးရ ပြောနေစဉ် Taeyeonတစ်ယောက် အအေးဘူးကို ကိုင်ပြီး သူတို့ဘက်ကို လျှောက်လာလေသည်....
"Oppa....."
Seolhyun တစ်ယောက် Taeyeonကို မြင်တော့ သူ့ဘေးနားက လူအားလုံးကို ကျော်ခွပြီး Taeyeonဆီ ပြေးသွားလေသည်....."နောက်ဆုံးတော့ ရှင့်ကို ရှာတွေ့ပြီ.......ယုံတောင်မယုံနိုင်ဘူး Oh My God......ဘယ်လိုတောင် ကံကောင်းတာလား.....ပျော်လိုက်တာ "
Taeyeon မှာတော့ လှပတဲ့ကောင်မလေးတစ်ယောက်က သူ့ကို ရုတ်တရက်ကြီး လာဖက်လို့ အံ့အားသင့်နေသည်.....
"Ah ...ရိုင်းသွားသလို ဖြစ်ရင် တောင်းပန်ပါတယ်....ဒါပေမယ့် ဘယ်သူလဲ မသိဘူး "
"ကျွန်မကို မမှတ်မိလည်း ရပါတယ် ကိစ္စမရှိပါဘူး.. ..လွန်ခဲ့တဲ့နှစ်တွေက ရှင်မုန့်ဆိုင်နားမှာ ကျွန်မကို လူဆိုးတွေလက်က ကယ်ခဲ့တာလေ...."
Seolhyun ပြုံးပြီး ပြောလိုက်သည်"Oh....မှတ်မိပြီ....ပြန်တွေ့ရတာ ၀မ်းသာပါတယ်ဗျာ......Kim Taeyeonပါ.... "
Taeyeon ပြုံးပြီး လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလိုက်သည်"Kim Seolhyunပါရှင့်......"
Seolhyun ၀မ်းသာအားရ လက်ဆွဲနှုတ်ဆက်ရင်း ရုတ်တရက် Taeyeonရဲ့ ပါးကို ဖျတ်ခနဲ နမ်းလိုက်သည်Sicaတို့မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်နေကြသည်....
Fanyမှာတော့ ခက်ခက်ခဲခဲနဲ့ မမြင်ချင်ယောင်ဆောင်နေရတယ်...
Seolhyunမှာ ပျော်ပြီး Taeyeonကို သူ့သူငယ်ချင်းတွေဆီ ခေါ်လာသည်....
"Guys......သူ့ကို သိကြလား.....သိမယ်ထင်တယ် တစ်ကျောင်းထဲဆိုတော့......"
"No သူ့ကို ငါ မသိဘူး....."
Fanyရဲ့ စကားကြောင့် Sunny တို့နဲ့ Taeyeon မှာ အံ့သြသွားတယ်...."Oh မသိဘူးလား ထားပါတော့ သူက Kim Taeyeonတဲ့ "
"အော် ရှင်က Kim Taeyeon တဲ့လား ကျွန်မက Tiffany Hwangပါ တွေ့ရတာ ၀မ်းသာပါတယ်... "
Fanyစကားနဲ့ အပြုအမူကြောင့် Sunny တို့လည်း အူကြောင်ကြောင်နဲ့ ဖြစ်ပြီး အခုမှ Taeyeonကို သိတဲ့ပုံစံနဲ့ သူတို့ကိုယ်သူတို့ ပြန်မိတ်ဆက်နေ၏Taeyeonမှာ ရုတ်တရက် သူ့ချစ်သူ ပြောင်းလဲသွားလို့ တော်တော်လေး အံ့သြနေသည်.....
"ဒါနဲ့ မင်းတို့ အခု ဘာလုပ်ကြမလို့လည်း "
Taeyeon စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီး မေးလိုက်သည်..."အပြင်ကို ထွက်ပြီး နေ့လည်စာစားမလို့လေ...."
Seolhyun ဖြတ်ပြောလိုက်သည်..."ကျွန်တော်လည်း ပါချင်လို့ရလား.."
"Kim Taeyeon shii လုပ်စရာအလုပ်မရှိဘူးလား...."
Taeyeonကို မကြည့်ဘဲ Fany မေးလိုက်သည်....."ဟုတ် မရှိပါဘူး အလုပ်တွေ အကုန်လုံး လက်စသတ်ပြီးပြီ....."
"Oh great...ဒါဆို အတူတူ သွားစားကြတာပေါ့"
Seolhyun မှာ ဘယ်သူ့ ခွင့်ပြုချက်မှ မယူဘဲ Taeyeonကို နေ့လည်စာ အတူလိုက်စားဖို့ ခွင့်ပြုလိုက်သည်.....
ကျောင်းဂိတ်ကနေ စားသောက်ဆိုင်ကို သွားတဲ့လမ်းတွင် Sicaတို့မှာ အေးစက်နေတဲ့ အခြေအနေကြား အသက်ကို ပြင်းပြင်းတောင် မရှူ ရဲပါ ...
စားသောက်ဆိုင်ကို ရောက်တော့ Taenyတို့ မျက်နှာချင်းဆိုင်ထိုင်မိကြသည်....
Fany ဘေးနားတွင် Sunny.. .Taeyeonဘေးနားမှာ Seolhyun... Sicaကတော့ အလယ်မှာထိုင်နေပြီး အခြေအနေကို စောင့်ကြည့်နေသည်.....
"So....မှာစရာရှိတာ မှာရအောင်လေ.....Ah Oppa....ကျွန်မတို့နဲ့ နေ့လည်စာလာစားပေးလို့ ကျေးဇူးတင်ပါတယ်.. ..."
"It's ok..."
Taeyeon မျက်စိ မှိတ်ပြတော့ Seolhyunမှာ ရှက်သွားလေသည်...Fanyမှာတော့ အံကိုကြိတ်ကာ မျက်မှောင်ကြုတ်နေ၏....
စားစရာတွေရောက်လာတော့ Fanyမှာ အသက်တောင်မရှူ ဘဲ စားစရာတွေသာ နင်းကန်စားနေ၏
" ဖြည်းဖြည်းစားပါဟဲ့ နင်ကုန်တော့မှာဘဲ......"
Sunnyမှာ Fany ရဲ့ ကျောကုန်းကို ပုတ်ကာ ပြောလိုက်သည်...
"အဟွတ်...ဟွတ်....."
"ဟော တွေ့လား ငါပြောလို့မှ မဆုံးသေး ဖြစ်ပြီ....ရော့ ရေသောက်... "
သီးသွားတဲ့ Fanyရဲ့ ကျောကုန်းကို ပုတ်ပေးကာ Sunny ရေခွက်ပေးလိုက်သည်.....Taeyeonမှာတော့ အရင်ကဆို သူ့ချစ်သူကို သေးသေးလေးကအစ စိုးရိမ်ခဲ့ရာမှ အခုတော့ သီးနေတာတောင် အဖက်မလုပ်ဘဲ ထမင်းဆက်စားနေ၏
![](https://img.wattpad.com/cover/136983357-288-k277184.jpg)
ВЫ ЧИТАЕТЕ
လူဆိုးမလေး ကိုယ့်ချစ်သူ
Фанфикလူဆိုးမလေး Tiffanyနဲ့......စံပြကျောင်းသားလေး Taeyeon.... #Taeny_Myanmar #Normal