"Fany....."
Taenyတို့ နမ်းနေကြရင်း Fany နာမည်ခေါ်သံကြားလို့ ရပ်သွားကြသည်....
Fanyလည်း နမ်းနေရာကရပ်ပြီး သူ့ချစ်သူကိုတွန်းကာ အခန်းအပြင်ဘက်သို့ ထွက်သွားလေ၏
"Omar! ဘယ်တုံးက ပြန်ရောက်နေတာလည်း....."
Mrs.Hwangမှာ သူ့သမီးကို ကြည့်ပြီး မျက်လုံးအပြူးသားဖြစ်နေ၏....
"Aigoo အချိန်မှားပြီး ရောက်လာတာဘဲ....."
"Humm!"
Taeyeonလည်း အင်္ကျီကြယ်သီးတပ်ပြီး အခန်းအပြင်သို့ ထွက်လာကာ Mrs.Hwangကို နှုတ်ဆက်လိုက်သည်.....
ထို့နောက် Fany နားသို့ ကပ်ကာ
"Jagiya.......ကိုယ့်ကိုကိုယ် မှန်ထဲမှာ သေချာကြည့်အုံး ရှုပ်ပွနေတယ် ဆံပင်တွေကစ....."Fanyမှာ ထိုအခါမှ သတိရပြီး သူ့ကိုယ်သူ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြင်လိုက်သည်....
ထို့နောက် ရှက်ပြီး အောက်နှုတ်ခမ်းကို ဖိကိုက်ထား၏
"Appa စောင့်နေလို့ သွားတော့မယ်နော်....ဒီနေ့အိမ်ပြန်နောက်ကျမယ်ဆိုတာ သမီးကို လာပြောတာရယ် သွားပြီ......Taeyeon သားလေး ကိုယ့်အိမ်လို လွတ်လွတ်လပ်လပ်နေနော်"
"Omar!"
Mrs.Hwang ပြောပြီး အိမ်ထဲကနေ ထွက်သွားလေ၏
Taeyeonမှာ ရှက်နေတဲ့ Fany ကို ကြည့်ပြီး သဘောကျစွာ ရယ်လေ၏
ထို့နောက် Fanyကို ဆွဲကာ သူ့ရင်ခွင်ထဲတွင် ဖက်ထားပြီး
"Jagiya မင်းက တစ်နေ့တခြား ချစ်ဖို့ကောင်းလာလိုက်တာကွာ ..... "
" နင်ကတော့ တနေ့တခြား ကျပ်မပြည့်လာတာ...."
Fany စကားကြောင့် Taeyeon ထပ်ရယ်လိုက်သည်
"Omarတို့ ပေးထားတဲ့ ပျော်ရွှင်မှုကို အလှဆင်ရအောင်....."
"နှာဘူးထပြန်ပြီ "
Fany ပြောပြီး Taeyeon ကို တွန်းထည့်လိုက်တယ်...သို့သော် Taeyeonက မျက်ခုံးပင့်ပြပြီး သူ့ချစ်သူ နှုတ်ခမ်းလေးကို မက်မောစွာ နမ်းလိုက်သည်

BẠN ĐANG ĐỌC
လူဆိုးမလေး ကိုယ့်ချစ်သူ
Fanfictionလူဆိုးမလေး Tiffanyနဲ့......စံပြကျောင်းသားလေး Taeyeon.... #Taeny_Myanmar #Normal