six

11K 1K 52
                                    


Zawgyi

နှင်းဆီပန်းခင်းထဲမှာ အပင်တွေကို ရွေ့လိုက် အသစ်ပြန်စိုက်လိုက်နှင့် Jung Kook တစ်ယောက် မနားရအောင် ဖြစ်နေရသည်။

ပန်းအိုးတွေကို မနှိုင်မနင်းမလိုက် နှင်းဆီပန်းတွေကို ပြန်ဆိုက်လိုက်နှင့် လက်ကလေးတွေပင် ပေါက်ပြဲကာ သွေးများပင်ထွက်နေသည်။

"အဟင့် Hoseokie.....kookie လက်တွေ သွေးထွက်ကုန်ပြီး နာလည်းနာတယ်.....''

Jung Kook မျက်ရည်တွေ ပြိုကျရင်း ငိုပြောတော့ Hoseok သက်ပြင်းရှိုက်ရှာသည်။

အဖေရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် တစ်ခါမှ မလုပ်ဘူးတဲ့ အလုပ်တွေကို လုပ်နေရတဲ့ ကလေးကိုလည်း သနားမိသည်။

ဟိုနေ့က Tae Hyung ပြန်သွားကတည်းက ဆူနေတာက မပြီးနိုင်။

သူ့မှာ သားအဖနှစ်ယောက်ကြား ဘာလုပ်ရမှန်းကို မသိအောင် ဗျာများနေရသည်။

အဖေကလည်း စိတ်ကခပ်ကြီးကြီး ဒီကလေးကလည်း ခေါင်းမာမာနှင့်။

အခုလည်းကြည့် ငယ်ငယ်ကတည်းက ခြေမွေးမီးမလောင် လက်မွေးမီးမလောင် ထားတဲ့ကလေးကို ခြံထဲမှာ ပန်းပင်တွေ စိုက်ခိုင်းပြီး အပြစ်ပေသည်။

သူ့မှာ ကလေးကို သနားလွန်း၍ ဝိုင်းကူပေးတာတောင် ခိုးကြောင်ခိုးဝှက်နှင့် Hyung တွေ့သွားမှာလည်းစိုးရိမ်နေရသည်။

"ကဲ...ကဲ...ကလေး ခဏနား Sanchoon လုပ်လိုက်မယ်.....''

ဟုပြောကာ နှင်းဆီပျိုးပင်တွေကို ပန်းအိုးထဲ ပြန်စိုက်နေခိုက်မှာ နောက်ဖက်မှ Jung Mu Hyung ၏....

"Hoseok မင်းကဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ.....ဒီကလေး ဒီလောက် ရောက်တက် အပျင်းထူပြီး လောကမှာ အစစ အဆင်ပြေနေတယ်ချည်း ထင်နေတာ အဲ့လို အလိုလိုက်နေလို့ဘဲ....kookie ကိုယ့်ဘာသာလုပ်စမ်း.....''

အသံတင်းတင်းနှင့် ပြောလာတဲ့ Jung Mu ကြောင့် kookie မျက်ရည်ကိုသုတ် နှုတ်ခမ်းလေးဆူ၍ နှင်းဆီပန်းအိုးတွေကို ပြန်ကိုင်သည်။

"Appa....kookie လက်တွေ နာနေပြီး.....''

Kookie မျက်နှာငယ်လေးနှင့် ငိုမဲ့မဲ့လေး ပြောလာတော့ Jung Mu က ခဏ တွေဝေသွားပြီး ပြီးမှ မျက်နှာကို ပြန်တည်လိုက်ကာ.....

Char Tate (Completed)Where stories live. Discover now