Zawgyi
"သား ဒီနေ့ပြန်လာတာ နောက်ကျတယ်....''
"ဟုတ်တယ် omma ရေ ကုမ္ပဏီခွဲ ကိစ္စ ကမပြတ်သေးဘူး....ရှယ်ယာရှင်တွေကလည်း တစ်ယောက်တစ်ပေါက် နဲ ဘာကိုမှ ဆုံဖြတ်ချက်ချလို့မရဘူး......''
"omma ရဲ့သားလည်း တစ်နေ့တစ်နေ့ ကုမ္ပဏီ ကိစ္စ တွေနဲ့ပဲ အလုပ်ရှုပ်နေတာ...ချစ်သူ ရီးစားလေးဘာလေးထားဖို့တောင် အချိန်မရှိတော့ဘူးထင်တယ်.....''
omma ရဲ့ အပြောကြောင့် သူအခန်းထဲဝင်ရန် ပြင်လိုက်ပြီးမှ မဝင်သေးပဲ omma အား မျက်မှောင်ကြုံ ကြည့်လိုက်သည်။
omma အကြောင်းကို သူအသိဆုံးဖြစ်သည်။
ပြောစရာ ကိစ္စ တစ်ခုခုရှိနေ၍ စကားဦးသန်းနေတာ ဖြစ်သည်။
"omma ရယ် ဒီလောက်အလုပ်တွေများနေတာ ဘယ်မှာ ချစ်သူ ရီးစားထားချိန်ရှိမှာလဲ.....''
"အဲ့ဒါကြောင့် သာကို omma ကလက်ထပ်ပေးဖို့ စီစဉ်ထားတယ်.....''
"ဗျာ.....''
"ဟုတ်တယ်... သား appa ကလည်း သဘောတူတယ်..... ''
"ဟာ omma ကလည်း သားမိန်းမ မလိုချင်သေးပါဘူး.....သားအသက်က အခုမှ နှစ်ဆယ့်ငါးနှစ် ငယ်ငယ်လေးပဲ ရှိသေးတယ်.....''
"ဟဲ့နှစ်ဆယ့်ငါးနှစ်က မငယ်တော့ဘူး...ပြီးတော့ သားကို မိန်းမပေးစားမှာ မဟုတ်ဘူး....ယောက်ျားပေးစားမှာ.....''
"ဗျာ.....''
"မဗျာနဲ....လာမယ့် sunday မှာ ကောင်လေးအိမ်ကို သွားရမယ်.....''
"omma ကလည်းလုပ်ပြီ...သားမယူချင်ပါဘူးဆို....ပြီးတော့ ဘယ်သူမှန်းလည်းမသိ တစ်ခါမှလည်း မတွေ့ဘူးပဲနဲ့....''
"အံမယ်....ဘယ်သူဆိုတာသိရင် သားအံ့သြသွားလိမ့်မယ်.....''
"ဘယ်သူလဲ omma...''
"သား appa ရဲ့သူငယ်ချင်း Argushi Jeon ကိုမှတ်မိလား....''
"မှတ်မိတာပေါ့....''
"ဟုတ်တယ် သူ့ရဲ့ သားလေးနဲ့....''
"ဗျာ...ဒါ....ဒါဆို.....''
"ဟုတ်တယ် kookie လေးနဲ့....''
"ကလေးလေးနဲ့ ဟုတ်လား omma..... ''
YOU ARE READING
Char Tate (Completed)
Fanfictiontaekook&vkook (yaoi) ❤Kim Tae Hyung ❤Jeon Jung Kook Please enjoy my taekook fic I love you all my lovely readers Created by Kyallay Start - 16 January 2018 End - 6/December /2018