sixteen

10.4K 867 233
                                    



Zawgyi


''ချာတိတ် မရစ်နဲ့ကွာ.....''

''......''

''ချာတိတ်ကွာ.....ကိုယ်က ချာတိတ် ပင်ပန်းမှာ စိုးလို့ပါဆို.....''

Tae Hyung တစ်ယောက် စိတ်ကောက်နေတဲ့ သူ့ချာတိတ်ကို ချော့နေရတာဖြစ်သည်။

ဒီနေ့က Jeju မှာ ကုမ္ပဏီရုံးခွဲ ဖွင့်ရန်အတွက် Jeju ကိုသွားရမှာ ဖြစ်သည်။

နှစ်ရက် သုံးရက်လောက် ကြာမည် ဖြစ်သည့်အတွက် Jung Kook ကို သူမရှိတဲ့ရက်အတွင်း အိမ်မှာ တစ်ယောက်ထဲ စိတ်မချသောကြောင့် Hoseok Hyung တို့ ဆီကို ပို့ထားမှာဖြစ်သည်။

အဲ့ဒါကို ထိုကလေးက သူနဲ့ Jeju ကို လိုက်ချင်တယ်ဆိုပြီး ရစ်စိန်လုပ်နေတာ မပြီးနိုင်။

သူ့ပုံစံ နုဖတ်ဖတ်နဲ့ ဟိုမှာက ဖွင့်ပွဲကြောင့် ပင်ပန်းမှာ ဖြစ်သည်။

ခေါ်သွားလို့ကတော့ လုံးဝမဖြစ်။

အိမ်မှာ ထားခဲ့ဖို့ကလည်း တစ်ယောက်ထဲ စိတ်မချ။

ပေကပ်ကပ်နဲ့ မလိုက်ရလျှင် အိမ်မှာပဲ နေခဲ့မည်ဟု ဂျီတိုက်ပြန်သည်။

အချစ်တုံး အရစ်ဆုံးလေးကြောင့် သူ့မှာ Jeju ကို နေ့လည် အရောက် သွားရမယ် ဆိုပေမယ့် အခုထိ ဘာမှ မပြင်ဆင်ရသေးပေ။

''ချာတိတ်ကကွာ လိမ္မာပါတယ်ဆိုနော်....''

''ဘားမှ မလိမ္မာဘူး လာမခေါ်နဲ့.....''

နှုတ်ခမ်းတွေကို ဘဲနှုတ်သီးအလား အရှေ့ဘက်ကို စူထော်ကာ ပြောလာတဲ့ ချာတိတ်ကြောင့် သူ့မှာ စိတ်မရှုပ်ဘဲ အချစ်ပိုရသည်သာ။

အခုလည်းကြည့် စူပုတ်ပုတ်နဲ့ သူ့ကိုမကြည့်ဘဲ မျက်နှာကို တစ်ဖက်လှည့်ကာ ပါစပ်က ဆီမန်းမန်းသလို ပွစိပွစိ ရေရွတ်နေတာက မပြီးနိုင်။

''ဟိုမှာက ဖွင့်ပွဲနဲ့ ဆိုတော့ အလှုပ်ရှုပ်မှာ ချာတိတ်ရ...ပြီးတော့လည်း သုံးရက်ထဲဟာကို ချာတိတ်ပင်ပန်းမှာ စိုးလို့ပါကွာ....''

''သူ့အတွင်းရေးမှုး မမချောချောလေးတွေပါလို့ လူကြီးက ကျွန်တော့ကို မခေါ်ချင်တာ မှတ်လား....''

Char Tate (Completed)Tahanan ng mga kuwento. Tumuklas ngayon