Zawgyi
"အား.....''
ရေချိုးခန်းထဲဝင်ပြီး ရေချိုးဖို့ အင်္ကျီ ချွတ်ကာရှိသေးသည် အပြင်ဘက်က ပေါက်စ၏ အော်သံကြောင့် လူက ခေါင်းနပန်းကြီးကာ အင်္ကျီ ပင် ပြန်မဝတ်နိုင်တော့ဘဲ ခါးကို တဘတ်အပိုင်းလေးသာ အလျှင်အမြန်ပတ်ပြီး ပြေးထွက်လာခဲ့ရသည်။
"ချာတိတ်....ချာတိတ် ဘာဖြစ်တာလဲ......''
စိုးရိမ်တကြီး မေးလိုက်တော့ ခုတင်ပေါ်ကနေ စောင်ကို အတင်းလုံးခြုံပြီး နံရံထောင့်ကို မျက်လုံးပြူးလေးနှင့် ကြည့်ကာ ဘာမှ ပြန်မပြောဘဲ အသံစူးစူးလေးနှင့် အော်နေသောကြောင့် သူ့နားတွေပင် ကွဲထွက်တော့မတက်။
ထိုပေါက်စ ကြည့်နေတဲ့ နံရံထောင့်ကို ကြည့်လိုက်တော့ ဖြူ စုတ်စုတ် အိမ်မြောင်တစ်ကောင်မှလွှဲ၍ ကျန်တာဘာမှမရှိ။
"ချာတိတ် ဘာဖြစ်တာလဲ..... ''
သူစိုးရိမ်တကြီး ထပ်မေးလိုက်ကာ ဘေးမှာဝင်ထိုင်လိုက်တော့ စောင်ပုံထဲကနေထွက်ပြီး ဝုန်ခနဲဆို သူ့ကို သိုင်းဖက်လိုက်သောကြောင့် Tae Hyung မှာလည်း အရှိန်မထိန်းနိုင်ဘဲ နှစ်ယောက်စလုံး အိပ်ယာပေါ်သို့ လုံးထွေးကျသွားလေသည်။
"လူကြီး နံရံမှာ ကပ်နေတာ ဖြူ စုတ်စုတ်နဲ့ ဘာကောင်လဲ မသိဘူး.....''
မျက်ရည်အရွှဲသားနှင့် သူ့လည်ပင်းတွေအား ဖက်ထားတာကို မလွှတ်သေးဘဲ ပြောလာတဲ့ ချာတိတ်။
Tae Hyung မှာလည်း ငိုအားထက်ရယ်အားသန်သလို ရယ်တော့လည်း မရယ်ရဲ။
လက်စသက်တော့ ဒီပေါက်စနှယ် အိမ်မြောင်ကို ကြောက်နေသည်ကို။
ခုနက စိုးရိမ်တာတွေပင် ကြက်ပျောက်ငှက်ပျောက်။
ထူးဆန်းပ အိမ်မြောင်ကိုများ ကြောက်ရတယ်လို့ ဘယ်လိုဟာလေးမှန်းကို မသိ။
Tae Hyung က Jung Kook ရဲ့ဖက်ထားတဲ့ လက်ကလေးကို ဖယ်လိုက်ရင်း လဲနေရာမှ ထထိုင်လိုက်ကာ.....
"မကြောက်နဲ့ ကိုယ်ဖယ်ပေးမယ်.....''
Tae Hyung က ပြောရင်း ထလိုက်ကာ နံရံထောင့်က အိမ်မြောင်ကို ဖယ်ဖို့လုပ်တော့ Jung Kook က Tae Hyung လက်တွေကို အတင်းပြန်ဆွဲထားပြန်သည်။
YOU ARE READING
Char Tate (Completed)
Fanfictiontaekook&vkook (yaoi) ❤Kim Tae Hyung ❤Jeon Jung Kook Please enjoy my taekook fic I love you all my lovely readers Created by Kyallay Start - 16 January 2018 End - 6/December /2018