Zawgyi
သူအိပ်ယာကထလို့ ရေမိုးချိုး အားလုံးပြင်ဆင်ပြီးသည့်တိုင်အောင် ချာတိတ်ကတော့ စောင်ပုံကြားထဲမှာ ကွေးလို့ကောင်းနေတုန်းပင်။
သူကုတင်ဘေးနားသွားပြီး ပုခုံးလေးကို လှုပ်နိုးလိုက်တော့ အင့်ခနဲ တစ်ချက်ညည်းပြီး စောင်ကို ခေါင်းအထိ ဆွဲခြုံပြီး ပြန်အိပ်နေပြန်သည်။
ဟာ ဒီကလေးတော့။
ခြုံထားတဲ့ စောင်ကို ဆွဲခွာလိုက်ပြီး အတင်ထူလိုက်တော့ ထိုင်လျှက် ငုတ်တုတ်လေး ဖြစ်သွားကာ မျက်လုံးတွေကတော့ မပွင့်သေးဘဲ.....
"အဟင့်.....အိပ်ချင်တယ်..... ''
ဒီကလေးနှယ် ကာလနဂါးတောင် အဖေခေါ်ရမည်။
အိပ်ချက်ကလည်း လက်လန်သည်။
ကိုယ့်ကိုကိုယ်ပင် လူကိုယူထားတာလား ကာလနဂါးကို ယူထားတာလားလို့ ယုံမှား သံသယ ဝင်ချင်သလိုတောင် ဖြစ်မိသည်။
"ချာတိတ်.....ထကွာ.....''
Tae Hyung က Jung Kook ရဲ့ပါးလေးနှစ်ဖက်ကို ညစ်ရင်း နိုးသည်။
ဟိုကလည်း မျက်လုံးကမပွင့် ကယောင်ကတမ်း နှင့် နှုတ်ခမ်းကို ထော်ကာ ဘာတွေပြန်ပြောနေမှန်းမသိ။
သောက်ပေါက်စ ငုတ်တုတ်ထိုင်လျှက်သားနှင့်ကို ငိုက်နေတာဖြစ်သည်။
ဘယ်လိုနိုးနိုး မရတော့ Tae Hyung အကြံအိုက်လာသည်။
ငုတ်တုတ်လေး ငိုက်နေတဲ့ Jung Kook ပါးလေးနှစ်ဖက်ကို ထိန်းကိုင်လိုက်ရင်း ကယောင်ကတမ်းတွေ ပြောနေတဲ့ နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းတွေနှင့် ဖိကပ်နမ်းပစ်လိုက်သည်။
Jung Kook ကတော့ အိမ်မက်ယောင်သလို ဘာလိုလိုနှင့် မျက်လုံးလေးတွေကို မှိတ်လျှက်သားနှင့်တွေးချင်ရာကို တွေးနေသည်ပင်။
Omo ချိုလိုက်တာ။
အတော်ဘယ်ရီသီး အရသာလား။
နို့အရသာလား။
မဟုတ်သေးပါဘူး Hoseokie ဖျော်တိုက်နေကျ စတော်ဘယ်ရီ မစ်ရှိတ်။
ဟုတ်တယ်။
Jung Kook က နမ်းနေတဲ့ Tae Hyung နှုတ်ခမ်းတွေကို စတော်ဘယ်ရီ မစ်ရှိတ် အထင်နှင့် မျက်လုံးတွေကို မှိတ်ထားလျှက် တပြွတ်ပြွတ်နှင့် အတင်းလိုက်စုပ်သည်။
YOU ARE READING
Char Tate (Completed)
Fanfictiontaekook&vkook (yaoi) ❤Kim Tae Hyung ❤Jeon Jung Kook Please enjoy my taekook fic I love you all my lovely readers Created by Kyallay Start - 16 January 2018 End - 6/December /2018