"ရုပ်သေးရုပ်"
Part(1)
'Year 2007'
'ချမ်းသာကြွယ်ဝမှု နှင့် သြဇာအာဏာကြီး သော လင်မယားနှစ်ယောက်မှ ရွှေဇွန်းကိုက်၍ မွေးဖွားလာသော "စစ်ရိပ်ကိုကို" ဆိုသည်မှာ ဘယ်သူမှ အာမခံ ရဲလောက် အောင် လူကြီး လူငယ် မရွေး
ကြောက်ရသည်''တစ်ကျောင်းလုံးက ဆရာမ များကပါ လိုလေးသေးမရှိ ထားရ၏ သူရန်ဖြစ်လည်း ရိုက်တောင် မရိုက်ရဲတာ ကျောင်းထုတ်ဖို့ ဆို ဝေးပါသေးသည်' 'ဒါကြောင့် ကျောင်းမှာ သူငယ်ချင်း တစ်ဖွဲ့ နဲ့
ဂိုဏ်းစတားလိုလို ဘာလို လို နဲ့ ရမ်းကားနေသူပါ''သူ့လို အရာရာ ပြီးကြည့်စုံ တဲ့ အပြင် တစ်ကျောင်းလုံး တွင်ပါ သူ့ထက်ချောသူ မရှိ၍ သူ့ကို
မကြိုက်သည့် ကောင်မလေး ဆို၍ ရှားတာ မဟုတ်ဘူး ရှိကိုမရှိတာပါ''ခု မှ ၈တန်း တက်နေတာ ဆိုပေမယ့် အဖေရော အမေရော အရပ်ရှည် ကြသည်မလို့ သူက
တက္ကသိုလ် ကျောင်းသားများလောက် အရပ်ရှည် နေ သော ကြောင့် ပို၍ hot နေခြင်းသာ''သူပြန် ကြိုက်သော တွဲသော မိန်းကလေး တစ်ယောက်မှ မရှိခဲ့ပါ'
'ဒါပေမယ့် သူ့ရဲ့ ငယ်သူငယ်ချင်း "နဒီဝင့်ဝါ" ကတော့ သူဘယ်သွားသွား ဘယ်လာလာ အနားမှာ
အမြဲ တကောက်ကောက် နဲ့ ပါလာ စမြဲပါ'
'တချို့ စစ်ရိပ်ကိုကို အနားမှာ သူ့ကို မရှိစေချင်တဲ့ မိန်းကလေး တွေ ကတော့ သူ့ကွယ်ရာ မှာ သူ့ကို
ကောက်ရိုးပုံစောင့် တဲ့ ခွေး လို့ ပြောကြပါတယ် ' သူ့ရှေ့ မှာတော့ မပြောရဲပါ ပြောတာနဲ့ ပါးချည်း ဘဲ
ရိုက်ခံ ရမှာ မလို့ပါ''နဒီဝင့်ဝါ က အမှန်တော့ စစ်ရိပ်ကိုကို ကို အမြဲ တစ်ဖတ်သတ်ကြိုက် နေတာပါ'
'ဟို ကတော့ သူ့ကို အနားမှာ တောင်မရှိစေချင်လောက် အမြင်ကတ်ပါသည်'--------------------------------------------------------------------------------------
'စစ် ရေ.. ငါတို့ ဒီနေ့ ကျောင်း လစ်ရအောင် မင်းပါရင် ငါတို့ လည်း ကျောင်းပြေးရဲ သည် ဟု
စစ် သူငယ်ချင်း မင်းခန့် မှ ပြောလာ သည်... ''စစ်လို ဘုကန့်လန့်တွင် သူငယ်ချင်း များများစား မရှိပါ
မင်းခန့် နဲ့ ညီထက်တို့ ရယ်
နဒီဝင့်ဝါ ရယ် ဘဲ ရှိတာပါ'
နဒီဝင့်ဝါ ကိုတော့ သူ့အနားမှာတောင်မရှိစေ ချင်လောက်
မိန်းကလေး ဖြစ်ပြီး နှံ့နှံ့ နဲ့ မလို့ အရမ်းကို
အမြင်ကတ် ရပါသည်..
YOU ARE READING
"ရုပ်သေးရုပ်"
Romance"အရုပ်ကလေး တစ်ရုပ်ဟာ သူ့ရဲ့ပိုင်ရှင်ကို ပျော်ရွှင်စေချင်ပါသလား ဝမ်းနည်းစေချင်ပါလား" "အမုန်းမှ အချစ်ကူးပြောင်းနိုင်ပေမယ့် အချစ်မှ အမုန်းသို့ ကူးပြောင်းနိုင်စွမ်း မရှိပါ" ♡'ရုပ်သေးရုပ်'♡ Cover by Akarixing**