Part(4)

365 19 1
                                    

"ရုပ်သေးရုပ်"
                    Part(4)

#ခွဲခွာခြင်း

    ယနေ့... မုန့်စားလွှတ်ချိန် ပြီး၍ လင်းလတ် အတန်းထဲ ဝင်လာချိန် သူ့စာအုပ်များ ကို
အမှိုက်ပုံး ထဲ ထည့် ထား သည်ကို တွေ့လိုက်ရသည်...
တောက် တစ်ချက်ခေါက်လိုက်မိသည်....     လွယ်အိတ်ကို ပါ အမှိုက်ခြင်းတောင်းထဲ ထည့် ထား သည်
တော်တော် တရား လွန်သည်...   ခြင်းတောင်း တွင် အမှိုက်ခွန်များ မရှိ၍ တော်ပေသည်
ဘယ်သူ နဲ့ မှ ရန်မဖြစ်ချင်၍ စာအုပ်များကို ကောက်ယူ ၍ လွယ်အိတ် ထဲ ပြန်ထည့် လိုက်သည်...
အတွေး ထဲ တွင်တော့ ထူးဆန်းသည်...  သူ့ကိုမုန်းသူများမရှိပေ...
ဘယ်သူကများ သူ့ကို ဒီလို လုပ်ရတာလဲ....

'ဟျောင့်... light  မင်းအမ နဲ့ ငါ့ကို မအောင်သွယ်ပေးဖူး လား  '
'အာ... ကျနော် တကယ် ကို မေ့နေတာ.... sorry '
'ဟုတ် ရဲ့လားး မင်းမလိမ်နဲ့ နော် '
'ကျနော် အမကို အရင် မေးကြည့်မယ်'
'ပြီးရော....      မင်းရုပ်က ဘာဖြစ်နေတာလည်းးး တွေဝေပြီးတော့'
'ဘာမှ မဖြစ်ပါဘူးးး '
'ဒါဆိုလည်း ပြောရဦးမယ် ငါ ညနေ ကျောင်း ရေကူးကန်မှာ ရှိမယ် လာခဲ့...
ပြောစရာ ရှိတယ်.....'
'   ဒီမှာပြောလည်း  ရတယ်လေ... နိုး...နိုး'
'လာခဲ့ အဲ့ကို ဘဲ...'
'ပြီးရော ဗျာ...သွားပြီ...'

လင်းလတ်ကျောင်းက ရေကူးကန် ရှိရာ မှန်လုံ ခန်းသို့ ဦးတည်လာခဲ့ သည် 
အထဲ ဝင်သွားရာ တိတ်ဆိတ်နေ၍ ရေများ လှုပ်ခတ် သံကို တိုးညင်း စွာကြားနေရ သည်..
မီးအလင်းက မှေးမှိန် နေသည်...
ထို စဉ်... ရေပေါ်ပေါ် နေသော သူက မျက်လုံး များ မှိတ်ထား သည်... P
ကိုယ်ဖော့ ထားပုံရသည်...  ဘယ်လိုများရေပေါ် မှာ အိပ်နေနိုင်ရတာလဲ
အပြာရောင် ကြည်လဲ့နေသော ရေပြင်ပေါ် ရှိ သူသည် အပေါ်အင်္ကျီ ချွတ် ထား၍ နှစ်ခြမ်းကွဲ နေသော
ရင်အုံ ဗိုက်တွင်တော့ ပန်းပု ထု ဆစ်ထားသကဲ့သို့ ကြွက်သားများ မရှိသေးပါ...
သို့သော် ချပ်နေသော ဗိုက် နှင့် ဖြူနု၍ ဖောင်းကြွနေသော ရင်အုံက ရင်ခုန် စရာပင်
နက်မှောင်၍ အမြဲ ကျုံ့ ထား သော မျက်ခုံး အနည်းငယ်ညိုနေတဲ့ မျက်ကွင်းက ဖြူနုနေသော
မျက်နှာတွင်းထင်းနေသည် ကော့စင်းနေသော မျက်တောင်များက မီးခြစ်စံပင် တင်လို့ ရလောက်၏
ချွန်မြနေသော နှာတံ နှင့် ကျနော် အနှစ်သက်ဆုံး သွေးရောင် ဖုံးလွှမ်းနေ၍ ပါးလျနေသောသူ့နှုတ်ခမ်း
မကြည့်ရဲ လောက်အောင် စိတ်လှုပ်ရှားစေသည်  အကြောစိမ်းများနှင့် သူ့လည်ပင်း
သွယ်တန်းနေသော လက်ချောင်းများက ရေပေါ်တွင် တစ်စွန်းတစ်စ ပေါ်နေသည်..

"ရုပ်သေးရုပ်"Where stories live. Discover now