Part(22)

202 9 0
                                    


"ရုပ်သေးရုပ်"
                       Part(22)

#အသံလေးကြားချင်ရုံ....💔

     စစ် ဒီနေ့ အိပ်နေစဉ်...
မဟုတ်ဘူး နာကျင်မှုများမှ ရှေင်ပြေး ဖို့ ကြိုးစားနေမိတာ
မျက်ရည်တွေ ဘယ်သူမှ မမြင် အောင် ပုန်းရှေင်နေမိတာ...
ရင်ဖွင့်လို့ ရမယ့် သူက အနားမှာ မရှိတော့
ဖက်ထားလို့ ရမယ့် သူက အနားမှ မရှိတော့
ကျနော့်ရဲ့ ဗီတာမင်လေးက အနားမှာ မရှိတော့ .....
ဒေါက်...ဒေါက်...
တံခါးခေါက်သံကြား၍ ဘယ်သူမှ မဝင်လာစေချင်သော ကြောင့် ထမဖွင့်ဘဲ
လူးလိမ့်နေမိသည်...
သို့သော်...
auto ပွင့် လာသော တံခါး ကြောင့် စိတ်ပျက်မိသည် ဘယ်သူမှ မဖြစ်နိုင်ပါ
သူ့အခန်းသော့ ရှိလို့ တံခါးက ပွင့်လာတာ လေ
မာမီ ဘဲ ဖြစ်မှာ...
အခုချိန်မှာ ဘယ်သူနဲ့ မှ မတွေ့ ချင်သေးတာ မလို့  အိပ်ချင်ယောင်ဆောင်နေမိသည်...
ထိုစဉ်....
နွေးထွေးမှု တစ်ချို့... ဆံပင်များကို ပွတ်သပ်ပြီ နဖူးများကို ပံတ်သပ်နေတယ်
မာမီ... အမေအရင်း မဟုတ်ဘူး
မင်းမချစ်ရဘူး....
အမေအရင်း မဟုတ် ဘူးလိ့ မပြောနဲ့
မင်းကို ဝမ်းနဲ့ လွယ် မမွေးခဲ့ပေမယ့် မင်းလူ့လောက ထဲ ရောက်ကတည်းက မင်းကို စောင့်ရှောက်ခဲ့
တဲ့ သူ ဟ မင်းအမေအရင်း က ၉ လ ၁၀ လဘဲ မင်းကို ဝမ်းနဲ့လွယ်ပြီး မွေးခဲ့တာ
မဟုတ်ဘူး သူက မင်းကို အမြဲ တမ်း လိမ်ညာခဲ့တဲ့ သူလေ မင်းအမေအရင်း လို မင်းကို
သူက ချစ်မယ် ဆို ရင် မင်းကို ဒီလို လိမ်ညာထားပါ့မလား သူက မင်းအမေအရင်း မဟုတ်ဘူး
စစ် နှစ်ခွ ဖြစ်နေတဲ့ အတွေးများ ကို မောင်းထုတ် လိုက်မိသည်...
ဘာမှ ဆက်မလုပ်ဘဲ အိပ်ချင်ယောင် သာ ဆောင်နေမိသည်..
'မာမီတောင်းပန်ပါတယ် သားရယ် ကျေးဇူးပြု၍ မမုန်းလိုက်ပါနဲ့ မာမီ ဘဝ မှာ အကြောက်ဆုံးက
မင်း တစ်ခုခု ဖြစ်သွားမှာဘဲ မင်းက လောက မှာ မာမီ တန်ဖိုးထားရဆုံးသူ မလို့ပါ...'
ချလပ်...
ပြန်ထွက်သွားသလိုဘဲ.....တံခါးပိတ်သံကြားရတော့..
မဟုတ်ဘူး
ထွက်မသွားခင် နူးညံ့တဲ အနမ်း တစ်ပွင့် ပေးသွားသေးတယ်...
မဟုတ်ဘူး အဲ့ဒါတွေကလည်း အလိမ်အညာတွေဘဲ
ဒီအချိန် ဘာကို မှ ယုံလို့ မဖြစ်ဘူး.... မုန်းတယ်... နှစ်ခွဖြစ်နေတဲ့ အတွေးက ရပ်တန့် ပေးပါတော့...

"ရုပ်သေးရုပ်"Where stories live. Discover now