"ရုပ်သေးရုပ်"
Part(10)#ငြင်းဆန်မှု နှင့် ခိုင်းစေခံရခြင်း
အရမ်းကို ချမ်းလား light
အင်းချမ်းတယ်...
ပြောသားဘဲ ထူထူ လေးဝတ်လာပါလို့... အခုတော့....
စစ်ပြောလည်းပြော .... အနွေး ထည် အိတ် ထဲ အိတ် ထဲ ထည့်ထားသော သူတို့ လက်နှစ်ဖက် ကို ထုတ် လိုက်ပြီး ထို အနွေးထည် လေး light အား ဝတ်ပေးလိုက်သည်.... ပြီးတော့
light လက်ကို ပြန်ကိုင်ကာ... ငါ လည်းချမ်းတယ် ဟု ဆိုပြီး light ဝတ်လိုက်တဲ့ အနွေးထည်
အိတ် ထဲကို ထို လက်အစုံအား ပြန်ထည့် လိုက်....သည်
ပြီးတော့ အနောက်မှ သိုင်းဖက်ထားသည်... ထို တံတားပေါ်မှာ လူသိပ်မရှိတော့ တော်သေးသည်...
လူတွေ ရှိရင် တောင် စစ် ဆိုသောသူက ဘာကိုမှ ဂရုစိုက်မည် မဟုတ်ပါ
(ငါ မချမ်းလည်း မင်းလက်ကလေး ကို ကိုင်ထား ရင် ပိုနွေးထွေးလို့ပါ...)
သွားမယ်... light ငါ အဲဒါပြချင်တာ ပြီးသွားပြီ သွားမယ်....
ခဏ လေး နေချင်သေးတယ်....
စစ် light ရဲ့ နား နားကပ်ပြီး ငါပွေ့ချီ ခေါ်သွားရမလားလို့ မေးလိုက်သည်...
အဲ့တော့မှ ဘဲ light က သူခေါ်ဆောင်ရာ လိုက်လာခဲ့တော့သည်...
ချိတ်ဆက်ထားတဲ့ လက်နှစ်ဖက်ကတော့ ကား ပေါ် တက်တဲ့ အချိန်မှာ တော့ ခွဲခွာလိုက်ရတယ်...
ကားပေါ်ရောက်တော့ စစ် သူ့ကို လုံးဝ လှည့်မကြည့်ဘဲ ကားသာ မောင်းနေသည်..
အရှိန်လျော့ ပြီး မောင်းပေးပါလားး
မင်းပြောတိုင်း ဘာလို့....
တောင်းဆိုတာပါ... ဒီနေ့ပျော်တယ်.... ကျေးဇူးတင်ပါတယ်... စံအိမ်ကို မရောက်ချင်သေးဘူး
အဲ့မှာ ကောင်းတဲ့ အမှတ်တရ ဘာမှမရှိ ဘူး မွန်းကျပ်တယ် အဲ့မှာ နေရတာ ....
စစ် ကားမောင်းနေရာမှ သစ်ပင်အောက် တစ်နေရာ တွင် ကားကို ထိုးရပ်လိုက်သည်...
ထို့နောက် စစ်က light ဘက်သို့ မျက်နှာမူလိုက်သည်...
ပြီးတော့ အခုဏ လိုဘဲ လက်နှစ်ဖက်ကို ဆုတ်ကိုင်လိုက်ကာ တဖြည်းဖြည်း လင်းလတ် မျက်နှာ နား နီးကပ်လာ၍ လင်းလတ် ရှောင်လိုက်မိသည်....
အဲဒါကြောင့် စစ် က light မျက်နှာကို ဆွဲယူကာ မေးလိုက်တယ်...ငါနမ်းရင် ဘာဖြစ်လို့လည်းး
ကားပေါ် မှာ မအန်ချင်ဘူး
ငါ့ကို ဘာလို့ ရွံ ရတာလည်း ဟု မေးပြီး စစ် က အကြမ်းဆွဲနမ်းမည် အလုပ် လင်းလတ် သူ့မျက်နှာ ကို
ဆွဲ ယူထားသော စစ် လက်ကို ပုတ်ချပြီး ကားမှန်ကို လှမ်းဖွင့်ပြီး အပြင်လေ ကို ရှုလိုက်သည်...
ပြီးတော့ စစ် ဘက်ပြန်လှည့်ကာ ခင်များကို ပြောမယ်...
ဘယ်သူကမှ ခံစားချက်မပါဘဲ နမ်းခံရတာမျိုး မကြိုက်ဘူး ဇွတ် အတင်းနမ်းတာမျိုးလည်း
လုံးဝ မကြိုက်ဘူး
ပြီး တော့ ပတ်ဝန်းကျင် အမြင်မှာလည်း မသင့်တော် ဘူး
light မင်းကို ငါပြော မယ် 'စစ်ဆိုတဲ့ငါ့အတွက် ပတ်ဝန်းကျင်ဆိုတာ ဂရုစိုက်စရာမလိုတဲ့ အရာတစ်ခု'
ဒါဆို ကျနော့် ကိုရော ဂရုစိုက်စရာ မလိုဘူး ပေါ့ ကျနော့် ခံစားချက်တွေကိုရော ဂရုမစိုက်ဘူးပေါ့
မင်းက ငါ နမ်းတာကို မကြိုက်ဘူးပေါ့
ဟုတ်တယ် မကြိုက်ဘူး ယောကျာ်းလေးနှစ်ယောက်က တစ်ယောက်အပေါ် တစ်ယောက်
ဘာခံစားချက်မှ မရှိဘဲ နမ်းလိုမှ့ မရတာ ကျနော်တို့ အတွဲ တွေ လား မဟုတ်ဘူးလေ...
ဒါပေမယ့် ငါကတော့ နမ်းမှာ ငါ သူများနဲ့ လည်း မတူဘူး လိုချင်တာ ကို မရရအောင် လုပ်ယူတတ်တယ်
စစ် ပြောပြီးတာနဲ့ တစ်ပြိုင်နက် light နှုတ်ခမ်းများ အား ဆွဲ ယူ၍ နမ်းလိုက်သည်....
ထိုစဉ် စစ် နှုတ်ခမ်း မှ နာကျင်မှု light သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်... သွေးများထွက်လာသည်
ဒါကြောင့် သူလည်း light နှုတ်ခမ်းအား ပြန်ကိုက် လိုက်သည်..... light က သူ့ လက်မှ အတင်းရုန်းကာ
ကားပြတင်းပေါက် သို့ မျက်နှာ မူလိုက်သည်....
စစ် လည်း နှုတ် ခမ်း မှ တစ်စွန်း တစ် စ ထွက်နေသော သွေးများ ကို လက်မ ဖြင့် သုတ်လိုက်သည်..
ပြီးတော့ စံအိမ်ကို ဘဲ ဦးတည်ပြီး ကားဆက်မောင်းနေလိုက်သည်...
ရောက်ပြီ ဆင်းတော့ ဟု စစ်ပြောလိုက်သောကြောင့် လှည့်ကြည့်လာသော သူ..
သူ့နှုတ်ခမ်းမှာ လည်း သွေးများ စီးကျနေသည်
အဲဒါကြောင့် စစ် ထိုနှုတ်ခမ်းပါးများအား လက်မ နှင့် လှမ်း သုတ်ပေးမည် အလုပ် light က သူ့လက်နှင့်သာ သုတ်ပြီး ကားပေါ် မှ ဆင်းသွားလေ ရဲ့...
'ထိုသို့ ငြင်းဆန်မှု မျိုးကို မနှစ်သက်ပါ သူဘာပြောပြော အရာရာ ခေါင်းညိမ့် လက်ခံ မှုမျိုးကို သာ
နှစ်သက်ပါသည်'
--------------------------------------------------------------------------------------
စစ်...
ပြောလေ ဒယ်ဒီ..
သားဟိုကောင်လေးကို ဘာလို့ အဲ့လောက် အရောတဝင်နေနေတာလည်းးး
အော်အဲဒါလား ကျနော် သူ့အနားမှာ ရှိရင် သူမပျော်ရွှင်ရဘူးလေ... အဲ့ဒါကြောင့် သူ့အနား မှာ နေရုံနဲ့
သူ့ကိုနှိပ်စက် ရာ ရောက်လို့ သူ့အနား ကပ်နေတာ...
အေ... သူ့ကို အလုပ်တစ်ခုပေးရတော့ မယ်..
ဘာအလုပ်လည်း ဒယ်ဒီ ...
ဒေါ်မြခက်လေ... သူက ဒယ်ဒီ အကြွေးတွေ မပေးသေးဘဲ ရှောင်ပြေးနေတာ... ပြီးတော့ လူတွေ ကြားထဲ မှာ သူ့ကို သတ်ရင် ရိပ်မိသွားမယ်... အဲဒါကြောင့် ဟိုကောင်လေး ကို...
လင်းလတ်ကြယ်ပါ ဒယ်ဒီ...
အေ သူ့ကို .. မင်းနာမည် ဘယ်လိုသိသွားတာလည်းးး
စစ်ပါ ဒယ်ဒီရဲ့
အေ့ကွာ... ထားပါတော့ သူ့ကို ဒေါ်မြခက် ကို
အာ ကျွန်တော် နားလည်ပြီ... ကျနော် အဆင်သင့် သွားပြင်ခိုင်းထားလိုက်မယ်...
ညနေကျ ရင် စမယ်... ရှိုင်းထက်ကို အနောက် လိုက်သွားခိုင်းလိုက်မယ်
ပြီးရင် အပြတ် ရှင်းခိုင်းလိုက်မယ်
ရတယ် ဒယ်ဒီ ကျနော်ဘဲရှင်းလိုက်မယ်
ဟာ..... မင်းက ဘာလို့ အပင်ပမ်းခံမှာလည်း ရှိုင်းထက်ကို ရှင်းခိုင်းလိုက်လည်း ရပါတယ်
ထိုစဉ် ရှိုင်းထက်မှ ဝင်၍ ဟုတ်ပါတယ် သခင်လေး ကျနော် ရှင်းလိုက်လည်း ရပါတယ် ဟု
ပြောလာသည်
စစ် လည်း မင်း မရှည် ငါ ရှင်းမယ်ဟု ပြောပြီး ထွက်လာလိုက်သည် ရှိုင်းထက်ကတော့
ပြုံးသွားသယောင်....
စစ် သူ့အကျင့်အတိုင်း light အခန်းကို တံခါးမခေါက်ဘဲ ဆွဲ ဖွင့် လိုက်ရာ...
ရေချိုး ခန်းထဲ မှ ထွက်လာသော light ကိုယ်တွင် ပတ်ထား ထားသော သဘတ်အင်္ကျီလေး
ခါးသေးသေးလေးတွင် ကြိုးချီထားသည် အောက်က ပေါင်လောက်တိုနေသည်..
ပေါင်ကိုမြင်တော့ တစ်ချက် စိတ် မကောင်းဖြစ်မိသွားသည်.. သူပစ်ထားတဲ့ သေနတ်ဒဏ် ကြောင့်
ဒဏ်ရာကြီး ကျန်နေ၍ ညိုနေသည် ဝတ်ထားတဲ့ အဝတ်ရဲ့ လည်ပင်းနားက V ပုံစံ ဖြစ်နေသော ကြောင့်
ထင်းနေသော လည်းပင်း ဖြူဖြူလေး လည်တိုင် အောက်နားက ထင်းနေသော အရိုးလေး
ထို လည်တိုင်လေး ဖြူနုနေသည် မှာ တစ်ခုခုစားလိုက်ရင် တောင် အပြင်က မြင်ရလောက်သည်..
စစ် သူ့ ရဲ့ စိတ်များကို လျစ်လျူရှုပြီး light ကို ပြောစရာ ရှိတာ ပြောမည် အလုပ် light က
သူရှိနေတာတောင် အာရုဏ် မစိုက်ဘဲ မှန်တင်ခုံရှေ့ သွားထိုင် ပြီး ခေါင်းသုတ်နေသည်...
အရမ်းပေါက်ကွဲ ရတယ် အဲ့ လိုမျိုး လျစ်လျူရှုခံရတာက ဒါပေမယ့် သူဒေါသထွက် လို့
မဖြစ်သေးပါ သူ ဒယ်ဒီပြောတဲ့ အတိုင်း လုပ် ခိုင်းရဦးမည်...
စစ် မှန်တင်ခုံ တွင် ထိုင်နေသော သူ့ကို ကြည့်ပြီး အာရုံ ထဲ ဝင်လာသော အတွေး စ လေးတစ်ခုကြောင့် ရယ်လိုက်မိသည်... ဒေါ်မြခက်ကရော light လို ပုပုသေးသေး လူစဉ်မမှီလေး ရဲ့ မြူဆွယ်မှု အောက် မှာ ကျဆုံးမှာ တဲ့လား ရယ်စရာဘဲ...
ဟျောင့် ကိုယ်ဝင်လာတာ မသိဘူးလား မသိချင်ယောင်ဆောင် နေတာလား
သိတယ် လေ ခင်များဝင်လာတာလေ... ပြောစရာရှိတာ ပြောပြီး ပြန်ထွက်သွားပေါ့
ကျနော် က လာပြီး ရှိခိုး ရမှာလား...
ဟိတ်..ဟိတ်... ကိုယ့် ကို မရွဲ့နေနဲ့ မင်းကိုခိုင်းစရာ ရှိလို့
အော်... ပြောလေ ကျနော် ခင်များတို့ ထားရာနေ စေရာသွား ရမယ့် ခင်များတို့ ရဲ့ ရုပ်သေးရုပ် ဘဲလေ
မဟုတ်ဘူး မင်းက ငါ့ တစ်ယောက်တည်း ရဲ့ ရုပ်သေးရုပ် ok...
ကဲ အဲဒါတွေ ထားပါ... မင်းကို ခိုင်းစရာ ရှိတာက...
ဟို... ငါတို့ကို အကြွေးတွေ မပေးဘဲ ရှောင်ပုန်းနေတဲ့ ဒေါ်မြခက် ဆိုတဲ့ မိန်းမကို သတ်ချင်လို့
လူတွေ ရှေ့မှာ သတ်ရင် ရိပ်မိသွား မယ်...
အဲ့တော့ မင်းက သူ့ကို ဟိုတယ် ခေါ်သွားပေးရမှာ...
ခင်များ အခိုင်းအစေ တစ်ယောက် သူ့ကို ခေါ်ခိုင်းပြီး ဟိုတယ် ပို့ ခိုင်းလိုက်ပေါ့
မရဘူး သူက ငါတို့ လူတွေ အကုန်ကို သိတယ်....
မရှည်နဲ့ မင်းကို ပြောတာ ကို လုပ်....ညနေကျ ငါလာခေါ်မယ်... ရှိုင်းထက် နဲ့ အဝတ်အစားပို့ခိုင်း
လိုက်မယ် သူအပြင်ထွက်မှ အဝတ်အစားကို လဲပါ....
ဒါနဲ့ မင်း ခုထိ အဝတ်အစား မဝတ်သေးဘူးလား
ဟ... ခင်များ မှ မထွက်သေးတာ... ပြောစရာ ရှိတာ ပြောပြီးပြီမလား သွားတော့... သွား
မင်းက ငါ့ကို မောင်းထုတ်နေမှတော့ မသွားဘူး လုံးဝမသွားဘူး
ရတယ်လေ အဲဒါဆို လည်း ခင်များ ခိုင်းတာကို မလုပ်ရုံဘဲ ပေါ့
ဟဟ ငါက မင်းကို တောင်းဆိုနေတာမှ မဟုတ်တာ အမိန့်ပေးနေတာ လေ...
မလုပ်ချင်လည်း လုပ်ရမှာဘဲလေ...
လူညစ်ပတ်ကြီး ထွက်သွား... ဗျာ သွားလေ...
စစ် ကြားလိုက်ရသော စကားကြောင့် ပျော်သွားသလို 'လူညစ်ပတ်ကြီး' တဲ့ ကျောင်းမှာတုန်းက သူအဲ့လို ခေါ် ခဲ့တာလေ... နောက်ပြီး အများကြီးဘဲ နာမည်မျိုးစုံ သူ့ကိုခေါ်တတ်တယ်
စစ် ခုံမှာ ထိုင်နေသော သူ့ ခေါင်းလေး ကို ပွတ်သပ်ပြီး ဆံပင်တွေ ခြောက်အောင် သုတ်လို့ ပြောပြီး
သူ့စိတ်တိုင်းကျ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်....
YOU ARE READING
"ရုပ်သေးရုပ်"
Romance"အရုပ်ကလေး တစ်ရုပ်ဟာ သူ့ရဲ့ပိုင်ရှင်ကို ပျော်ရွှင်စေချင်ပါသလား ဝမ်းနည်းစေချင်ပါလား" "အမုန်းမှ အချစ်ကူးပြောင်းနိုင်ပေမယ့် အချစ်မှ အမုန်းသို့ ကူးပြောင်းနိုင်စွမ်း မရှိပါ" ♡'ရုပ်သေးရုပ်'♡ Cover by Akarixing**