Part(24)

262 10 6
                                    


                                                             #ခွင့်လွှတ်ပါ

     ဘယ်ကကိုကို လည်း ဆိုတဲ့ အမေး ကြောင့်
ကွဲကြေပျက်စီးသွားသော နှလုံးသားလေးနဲ့ အတူ  ထောင်းခနဲ ထွက်လာသော ဒေါသများ
မည်သို့မှ မထိန်းချုပ်နိုင်.....

'ဘာ မင်းဘာပြောတယ် ငါ့ကို မသိဘူး ဟုတ်လား အဲ့လိုရမလား
မင်း ငါ့ကို သိပ်ချစ်ခဲ့တာလေ အခုကျတော့ အရာအားလုံးကို ငါ တစ်ယောက်တည်း သတိရနေ
မှတ်မိနေရမှာလား မရဘူး   မင်းကို မေးစရာတွေ ပြောစရာ တွေ အများကြီးရှိတယ်
မင်းအဲ့လို ဖြစ်နေလို့ မရဘူး.....'
ထိုစဉ် အခန်းထဲဝင်လာသော ရှိုင်းထက်
'ဒီကို မြန်မြန်လာပြီး သူ့ကို ကြိုးတုပ်လိုက်ပါ..'
'အမ်... ဘာလည်း ခင်များတို့ ဘယ်သူတွေလည်း ကျနော့်ကို ဖမ်းထားတာလည်း'
'ဘာလို့ လက်တုန်နေတာလည်း သူ့လက်နဲ့ ခြေထောက်ကို မြန်မြန် ချည်လိုက်လေ'

'ရပြီ သွားလို့ရပြီ ဒါပေမယ့် ဒီဂိုဒေါင်က မဟုတ်ဘူးနော် '
'အင်း'

  သူ့လက်ဖြူဖြူ ဖွေးဖွေး လေးမှာ တင်းနေလွန်း တဲ့ ကြိုး
ဖျည်ပေးလိုက်ရမလား
မဟုတ်တာ  တခါ မှားခဲ့ နောင်တ အကြာကြီး ရခဲ့ပြီးပြီုအကြာကြီး လွမ်းနေခဲ့ရပြီးပြီ
ဒီတစ်ခါ ထပ်ပြီး မလွမ်းနေချင်တော့ဘူး...

စစ် ကုတင်ပေါ်မှာ ပက်လက်ဖြစ်နေတဲ့ သူ့အပေါ် လက်နှစ်ဖက်တင်ကာ
သူ့ရင်ဘတ် ပေါ် ခေါင်းတင်ကာ ဖက်ထားလိုက်မိသည်
ဒီနွေးထွေးလွန်းတဲ့ အငွေ့အသက်လေးရယ် ဒီမက်မောဖွယ် ကိုယ်သင်းရနံ့လေးကို
လွမ်းနေတာ ကြာလှပြီ....
ထူးဆန်းတာက သူအဲ့လောက် အကြာကြီး  ဖက်ထားတာကို အတိတ်မေ့နေတဲ့
ထိုကလေးက မရုန်းဘူးလေ
စစ် lighy အပေါ်က အုပ်မိုးကာ ကြည့်ပြီး မေးလိုက်မိတယ်
'ဘာဖြစ်တာလည်း.... ဟမ် ငိုနေတာလား ဘာဖြစ်လို့လည်း မျက်ရည်တွေ ဘာဖြစ်တာလည်း
ကိုယ်ဖက်ထားလို့ လား ကိုယ့်အနားမှာ မနေချင်လို့လား
မေးနေတယ်လေ ဘာလို့ မျက်ရည်တွေ နဲ့လည်း'
'အခုန ဖက်ထားတုန်းကလေ...'
'အင်းး ပြောလေ...'
'ဒီရင်ဘတ်နေရာက အရမ်းအောင့်လာတယ် မသိဘူး သူ့အလိုလို မျက်ရည်တွေ ကျလာတယ်
ဘာဖြစ်လို့လည်း ဘာဖြစ်လို့လည်းဟင်...'
'ကလေးရယ် '
စစ် ဝမ်းနည်းစွာ ပြန်လည်ထွေးပွေ့လိုက်မိတယ် အကြာကြီး ဖက်ထားလိုက်မိတယ်
'ကိုယ် နေ့တိုင်းလွမ်းနေရတာ အရမ်းပင်ပန်းတာဘဲ light ရယ်..'
'လွှတ်ပါတော့... အခု ကျနော့်ကို ဘာလို့ ဖမ်းထားတာလည်းပြော ကျနော့ ကို ဘာလို့
အခုလိုကြီး ချုပ်နှောင်ထားတာလည်း အားး'
'ချစ်လို့ မင်းကို သိပ်ချစ်လို့ ငါ့အနားက ဘယ်တော့မှ မထွက်သွားနိုင်တော့အောင်လို့
ထပ်ပြောမယ် မင်းကို ငါ သိပ်ချစ်လို့ ငါ ဒီလိုဖမ်းထားရတာ မင်းကို ငါ အရမ်းကို ချစ်တာ
နောက်ထပ်ဘယ်တော့ မှ ငါ့အနားက မထွက်သွားပါနဲ့'
'ဒါပေမယ့် ကျနော်မှ ခင်များကို မချစ်တာ'
'light.....'
ထိုစကားကြောင့် အသံကုန် အော်ဟစ်လိုက်မိတဲ့ စစ်
'light မင်းငါ့ကို မမှတ်မိတာရသေးတယ် ဒါပေမယ့် မင်းအဲ့ စကားကို နောက်ထပ်တစ်ခါပြောကြည့်
ငါ... ငါ.... ဟာကွာ...'
'ကျနော့် နာမည်က လိုက်(တ်) ဟုတ်လား...'
'မဟုတ်ဘူး'
'ဒါဆို ဘာလို့ ခင်များက ခေါ်တာလည်း'
'အဲ့တာက ငါတစ်ယောက် ဘဲ ခေါ်တာ မင်းရဲ့ နာမည်အရင်းက လင်းလတ်ကြယ်***
အဲ့တာကို ငါက အလင်းရောင်♡ လို့တင်စားပြီး light လို့ခေါ်တာ'
'လိုက်(တ်)'
'အင်း အယ်(လ်) အိုင် ဂျီ အိတ်(ရှ်) တီ လိုက်(တ်) သိပြီလား'
'အင်း ကျနော့်ကို ဘယ်တော့ထွက်သွားခွင့်ပေးမှာလည်း'
'light မင်းကိုငါ ပြောပြီးပြီလေ မင်း တစ်သက်လုံး ငါ့အနားမှာဘဲ နေသွားရမှာဆိုပြီး'
'ဒါပေမယ့် ကျနော့ ကို စောင့်နေတဲ့ သူတွေ ရှိရင် ရှိမှာပေါ့'
'အင်းရှိတယ် ကောင်းကင်ဘုံမှာ '
'အမ် ဘာကိုလည်း'
'မင်း အဖေရော အမေရော လူ့လောက မှာ မရှိတော့ဘူးလေ'
'ဟာ....ဘယ်လိုလုပ် သူတို့က ဆုံးသွားး'
'ထပ်ပြီး ခံစားမနေနဲ့တော့ မင်း ပင်ပန်းနေမယ် အခုကစပြီး ငါနဲ့ ပက်သက် ခဲ့ဖူးတဲ့
မှတ်ဉာဏ်တွေကို ဘဲ မင်း ပြန်စဉ်းစားကြည့် ကျန်တာတွေ လုံးဝ ဘာတစ်ခု မှ မင်းမစဉ်းစားနဲ့'
'မဟုတ်ဘူး ခင်များကို လည်း မချစ်ဘူး ကျနော့်ကို ဒီကနေ ထွက်သွားခွင့်ပေး'
'မင်း မင်း တော်တော့နော် မင်း အခု ဘာမှ လည်း မမှတ်မိသေးဘဲ ငါက ဘယ်ကိုလွှတ်ပေးရမှာလည်း
မင်းတစ်ခုခု ဖြစ်သွားရင် ငါ့ကိုငါ ဘယ်လိုမှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး'
'အဲ့တာဆို အဲ့အကြောင်းတွေ ပြန်သတိရရင်ရော ထွက်သွားခွင့်ပေးမှာလား'
'မပေးဘူး ပြောပြီးပြီလေ ငါမင်းကို ချစ်လွန်းလို့ ငါ့အနားကနေ ဘယ်တော့မှ ထွက်မသွားနိုင်အောင်
ဖမ်းထားရတာပါဆိုမှ '
'မရဘူးလေ ကျနော် ခင်များကို မချစ်ဘူး လွှတ်ပေး....'
'ဘာ...'
စစ် အကြမ်း နမ်းလိုက်မိတာ သူ့ ရဲ့ ခြောက်ကပ်နေတဲ့ နှုတ်ခမ်းသားနုနု အား
ဘာကြောင့်လည်းဆို သူ့ နှုတ်ခမ်း မှ ထပ်ထွက်လာမယ့် စကားတွေကို ထပ်မကြားရဲတော့တာကြောင့်ပါ
အတင်း ရုန်းနေသော သူ့ကြောင့် စင်္စ လွှတ်ပေးလိုက်ရသည်
သူ့ မျက်နှာတစ်ခု မျက်ရည်တွေ ရွှဲ နေသည်
သူ အရမ်း မှားသွားပြီ....
'ငါ....ငါ တောင်းပန်ပါတယ် မင်း ခံစားချက် ကို ထည့် မတွက်လိုက်မိဘူး    ငါ့ကို စိတ် မဆိုးပါနဲ့
မငိုပါနဲ့တော့...'

"ရုပ်သေးရုပ်"Where stories live. Discover now