ONE

4.6K 340 145
                                    

"ခင်ဗျားက ..?"

"မင်းရဲ့ သတို့သား Kim Minseok!"

"ဩော် ... ငယ်သေးတာပဲ?"

"ကိုယ့်အသက် ၂၉နှစ် .. !"

"ဟာ .. အဘိုးကြီး! အဲ .. !"

"အဟင်း .. မင်းလည်း ၂၇ဆို မငယ်တော့ပါဘူး!"

"ထားပါတော့ ... ကျွန်တော်က Kim Jongdae ! ပြီးပြီနော်! မင်္ဂလာပွဲမှ တွေ့မယ်!"

ပြီးဆုံးသွားပြီ .. ။
ကြင်ဖက်တွေ့ပွဲလေး နိဂုံးချုပ်ခဲ့လေပြီ !
ဆက်ခနဲ ထကာ ပြေးသွားသော Kim Jongdae ဆိုသော ကျွန်တော်၏ သတို့သားလောင်းမှာ အလုပ်သိပ်မအားဟန် .. ။ အင်းလေ .. နာမည်ကြီး ဒါရိုက်တာတစ်ယောက်ဆိုတော့လည်း ဘယ်အားပါ့မလဲ .. ။

ကျွန်တော်က အားကစားပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းတစ်ခုမှ သူဌေး .. ။

မေမေတို့က ကျွန်တော့်ကို အသက်အရွယ်ထောက်နေပြီ ... ငှက်ပျောတုံးဖက် မသေစေချင်ဆိုကာ အိမ်ထောင်ချပေးကြမည် ဆိုလာသည် ။ သိပ်စိတ်မဝင်စား .. ဘာပဲဖြစ်ဖြစ် လူပျိုကြီးဟူသော ဂုဏ်ပုဒ်နှင့်တော့ တစ်သက်လုံးမနေချင် ၊ ကိုယ့်အားကိုကိုယ် ကိုး၍လည်း သည်ဘဝက ကျွတ်နိုင်မည် မဟုတ်သည်မို့ ခေါင်းငြိမ့်ခဲ့သည် ။

ဘာဘာညာညာ ရေရေရာရာ မသိရဘဲ အိမ်ထောင်ဘက်နှင့် သွားတွေ့ .. ပြီးရင် မင်္ဂလာပွဲလုပ်ပေးမည်ဆိုသောကြောင့် ထွက်လာခဲ့တော့ သွားတွေ့မည့် ယခု နံနက်မှ အသိပေးသည်မှာ ကြင်ဖက်က ယောကျာ်းလေးတဲ့ ... !

ကောင်လေး ကြည့်ရတာလည်း ကျွန်တော့်လိုပင် သိပ်အလေးထားဟန်မတူ .. ။

ယနေ့ခေတ်မှာ ဥပဒေအရလည်း လိင်တူလက်ထပ်ခွင့်ကို တရားဝင် ခွင့်ပြုထားပြီး ဖြစ်သည့်အလျောက် ဟိုတစ်နေရာ သည်တစ်နေရာမှ လိင်တူချစ်သူ လက်ထပ်ပွဲတွေ မြင်နေရသည်မှာလည်း မဆန်းတော့ .. ။ သို့သော် မေမေတို့က ယခုလို စီစဉ်ပေးတော့ အံ့ဩသွားသည်မှာ အမှန် .. ။

ကျွန်တော်က လိင်တူ မပြောနှင့် .. လိင်ကွဲလျှင်တောင် စိတ်မဝင်စား !

အင်း ... မည်သည့်လိင်အမျိုးအစားကိုမှ ရင်မခုန်ခဲ့ဖူးဆိုလျှင် ပိုမှန်မည် ။ 'အဖြစ်မရှိတဲ့ကောင်' ဟု အကြိမ်ကြိမ် ဆူပူကာ ရည်းစားရှာ .. အိမ်ထောင်ပြုဖို့ ပြောသည့် မေမေက စီစဉ်မည့် စီစဉ်တော့လည်း .. ... စိတ်ထဲ သိပ်ဘဝင်မကျစရာ ။

We Got MARRIED! [XiuChen]Where stories live. Discover now