FOUR

2K 278 116
                                    

အမေတို့ စီစဉ်ပေးသည့် မင်္ဂလာဝတ်စုံကိုသာ ယူခဲ့ကြပြီးနောက် ညနေစာ စားရန် စားသောက်ဆိုင်တစ်ဆိုင်ထဲ ဝင်လာခဲ့ကြသည် ။ အနောက်ခန်းမှ အမေတို့ နှစ်ယောက်သည် ပြောမကုန် ဆိုမဝဖြစ်နေကြသည်မှာ အရှေ့ခန်းမှ ကျွန်တော်တို့ သတို့သား ၂ဦးနှင့် ခြားနားစွာပင် ။

ကျွန်တော့်ဘေးမှ သတို့သားကြီး Kim Minseok ကလည်း အသက်တောင် ရှိရဲ့လားမသိ ။ တောင့်တောင့်ကြီး ထိုင်နေတာ မလှုပ်မယှက်နှင့် ။ တကယ်တော့ သားတွေကို လက်မထပ်ပေးဘဲ အမေတွေပဲ လက်ထပ်လိုက်ရမှာ .. !

"ကျွန်တော် ပြောစရာရှိတယ်။"

စားသောက်ဆိုင်ထဲ စားစရာတွေ မှာပြီး ထိုင်စောင့်နေချိန်မှာ သူ့ဘက်က စကားစလာခဲ့သည် ။ ဘာပြောပြော သိပ်စိတ်မဝင်စားတာမို့ ဖုန်းပွတ်နေတာကို ကျွန်တော် မရပ်မိ ။ Line Chat ထဲမှာ နောက်ရိုက်မည့် ဇာတ်ကားသစ်အတွက် မင်းသမီးက ကျွန်တော် အိမ်ထောင်ပြုတော့မည့် အကြောင်းကြားရကြောင်း၊ သူမ နှမြောဝမ်းနည်းမိကြောင်း လာပြောနေသည် ။

"တကယ်လို့များ ကျွန်မသာ Jongdae နဲ့ စောစောစီးစီး တွေ့ခဲ့ရင် ကျွန်မက ရှင့်သတို့သမီး ဖြစ်ရင်ဖြစ်နေမှာ"

"ဒါပေမယ့် အခုကျွန်တော့် သတို့သမီးက မင်း မဟုတ်ဘူးလေ။"

ခပ်ပျက်ပျက်သာ ပြောပြီး လိုင်းပိတ်ချလိုက်သည် ။ ခပ်ချောချော၊ ခပ်ကိတ်ကိတ် ကောင်မလေးတွေကို သဘောကျသော်ငြား သည်လို မြောင်းဖောက်ဆည်ဖောက် စကားများနှင့် အပေါစားဆန်နေသော မိန်းမများကို ကျွန်တော် မကြိုက်ပါ .. ။

ဘေးကို ကြည့်မိတော့ ဘာစကားမှ မပြောသေးဘဲ အမေတွေ စကားစ ပြတ်သည်ကို ငေးငေးငိုင်ငိုင်နှင့် စောင့်နေရှာသော ကျွန်တော့်သတို့သားကြီး!

ကျွန်တော့်သတို့သားကြီးက ဘယ်ဆိုးလို့လဲ .. ? ပါးလေးတော့ အကိတ်သား!

မိန်းကလေးတွေက ဟိုနေရာကိတ်၊ သည်နေရာကိတ်တတ်ကျသော်လည်း ပါးလေးပဲ ကွက်ကိတ်နေသည့် ကျွန်တော့်သတို့သားကြီးလောက် ကြည့်မကောင်းပါဘူး !

တစ်ကိုယ်လုံး ဆုန်စန်ကာ အထက်အောက် ကြည့်မိတော့ သူက ဗိုက်လည်း ကိတ်သည် .. ! ခွီး XD

We Got MARRIED! [XiuChen]Donde viven las historias. Descúbrelo ahora