TWO

2K 278 80
                                    

"သား .. ဘယ်လိုလဲ? အပြင်မှာ ပိုချောတယ် မဟုတ်လား?"

"အင်း .. မဆိုးပါဘူး။ ကျွန်တော့်ထက် အရပ်ပုတယ်။"

"ငါ့သားကတော့ ..!"

"ကျွန်တော် ရိုက်ကွင်းသွားတော့မယ် မေမေ။"

ကားသော့လေးကို ကောက်ဆွဲပြီး ထမင်းစားခန်းထဲက ထွက်လာလိုက်သည် ။

နောက်တစ်ပတ်နေရင် လက်ထပ်ရမည်ဆိုသော သတို့သားနှင့် သည်ကနေ့ အိမ်ထောင်ဖက်သွားတွေ့ခဲ့သည် ။ သည်ခေတ်ထဲ လိင်တူလက်ထက်တယ်ဆိုတာ အဆန်းမှ မဟုတ်တော့ဘဲ ။ သူငယ်ချင်းတွေထဲတောင် အဲ့လိုအတွဲတွေ ရှိသေးသည် ။ သို့သော် ကျွန်တော့် အိမ်ထောင်ဖက်က ယောကျာ်းလေးတစ်ဦး ဖြစ်လာလိမ့်မည်ဟု မထင်မိခဲ့ ။

အိမ်ထောင်ရေးဖောက်ပြန်ကာ ကျွန်တော်အသက်(၂)နှစ် အရွယ်ကတည်းက အဖေက ထားသွားခဲ့သည် ။ ထို့နောက် အမေကပင် လူတစ်လုံးသူတစ်လုံး ဖြစ်အောင် ပြုစုပျိုးထောင်ခဲ့ရသည်ပဲ .... ။

အမေဘာပြောပြော ခေါင်းငြိမ့်ပြီးသား အမေချစ်သားလေးမို့ ထို Kim Minseok ဟူသော အမျိုးသားကို အိမ်ထောင်ဖက်အဖြစ် လက်ခံခဲ့သော်လည်း မေမေ စီစဉ်ပေးသည်ကို နားမလည်နိုင် ။

လိင်တူ ချစ်သူတွေကို ဘယ်လိုပဲ လက်ခံထားသည်ပြောပြော .. မိဘတိုင်းကတော့ ကိုယ်မွေးထားသည့် သားယောကျာ်းလေးကို မိန်းကလေး တစ်ဦးနှင့် အိမ်ထောင်ပြုကာ မြေးမြစ်ချီချင်ကြသည် မဟုတ်ပေလား?

အင်း ... ကောင်းပါတယ်လေ ... ။ .... ယောကျာ်းရတော့ ကလေးတစ်အုပ်နဲ့   Return of superman က မင်းသားကြီး Song Eiguk လို ဖားလျားဖားလျား ဖြစ်စရာ မလိုတော့ဘူးပေါ့ .. !

ပြီးတော့ သူကလည်း ယောကျာ်းလေးဆိုတော့ ဇာတ်ကားတွေထဲကလို မိန်းမဘရာတွေ အတွင်းခံတွေ လှမ်းထားတာ မမြင်ရတော့ မျက်စိနောက် သက်သာသည်ပေါ့ ! အရက်သောက်ဖော် သောက်ဖက်လည်း ရသည် ... ။

ညဥ့်နက်တတ်တဲ့ ရိုက်ကွင်းတွေကြောင့် ချစ်ချစ်/မချစ်ချစ် အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့မယ့် မိန်းမသားအတွက်လိုမျိုး စိတ်ပူစရာ မလိုတော့ဘူးပေါ့ !

နောက်ဆုံး .. သူ့ဖာသာသူ ဖောက်ပြန်တာပဲလုပ်လုပ် .. စိတ်ရှုပ်စရာ မရှိပါဘူးလေ ... ~ အိုး .. လိင်တူ .. အင်း လိင်တူထက် ယောကျာ်းချင်း လက်ထပ်ရသည်က ကောင်းကျိုးတွေ သည်လောက်များသည်လား ?!

We Got MARRIED! [XiuChen]Où les histoires vivent. Découvrez maintenant