FIVE

1.8K 242 135
                                    

ရှုတင်ကို ဘယ်တုန်းက ရှိုးနှင့်စမိုးနှင့် မသွားဖူးပေမယ့် အခုက နည်းနည်းတော့ သရုပ်ပျက်သည် ။ Kim Minseok ဟူသည့် သတို့သားကြီးကို သောက်မြင်ကပ်လွန်းသဖြင့် သူဆွဲဆောင့်ထားသော ဆံပင်ဖွာလန်ကြဲကို မဖြီးမသင်ပါဘဲ တွေ့ရာအင်္ကျီကောက်စွပ်၍ ထွက်လာခဲ့ခြင်း !

အခုသေချာပြန်ကြည့်မှ သူ့အင်္ကျီနှင့် ကျွန်တော့်ဘောင်းဘီ ဖြစ်နေသည် =_= မတတ်နိုင် ... ဝတ်လာပြီးပြီမို့ ဒီအတိုင်းသာ နေလိုက်ရတော့သည် ။

အသက် ၃၀ နားကပ်နေပြီး ဦးလေးကြီးအရွယ်ပင် ရောက်လုနီးနေသည့် လူပျိုဟိုင်းကြီးကများ သူ့အမေက သူ့ကို လူပျိုမဟုတ်တော့ဟု အထင်လွဲသွားသဖြင့် ကျွန်တော့်ကိုများ ဆွဲလားရမ်းလားနှင့် ရန်ရှာသည်တဲ့ .. ။ အံ့ဩဘ ! ! Kim Jongdae ကို ဒါမျိုးတော့ လာစမ်းလို့မရ .. !

ဒီလောက်တောင် လူပျိုမဖြစ်ရတာကို ရှက်ချင်ဦး ။ မင်္ဂလာဦးညမှ တစ်ကိုယ်လုံး ရဲခါနေအောင် လုပ်ပစ်လိုက်မည် ! ဘယ်လိုဖုံးဖုံး ဖုံးဖိမရအောင် နားရွက်တွေပါ ရဲတောက်သွားစေရမည် ! ပညာတော့ လာမစမ်းနဲ့ :3

လောလောဆယ်တော့ သူ့ဆံပင်တွေကိုလည်း ပြန်ဆွဲဆောင့်ခဲ့သည် ။ ကျန်တဲ့လက်စားချေမှုတွေက မင်္ဂလာဦးညမှပေါ့ .. အဟင်းအဟင်း !

"ဟာ .. Jongdae အစောကြီးရောက်နေပါ့လား?"

ရိုက်ကွင်းလုပ်ထားသည့် အိမ်ထဲတွင် ကြမ်းပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်နေစဉ် မန်နေဂျာကြီး Park Chanyeol က ရောက်လာသည် ။ အတော်ပဲ သူ့ကို အကူအညီတောင်းရမည် ။ မင်္ဂလာဦးညအတွက်လေ .. အဟစ် ~

"လာစမ်းပါဦး မောင်မင်းကြီးသားရယ် ~"

"သူငယ်ချင်း ... အီး ငါတို့ Jongdae လေး T.T "

Park Chanyeol သည် ဘာဖြစ်သွားသည်မသိ ... ကျွန်တော့်ရှေ့တွင် ဒူးထောက်ချကာ ခါးကိုကိုင်းလျက် ကျွန်တော့်ကို သိမ်းကြုံးဖက်ရင်း ငိုတော့သည် ။ သူလည်း ယောကျာ်းရပြီးကတည်းက သိပ်ပုံမှန် မဟုတ်တော့ ။ အဲဒါပြောသည်ပေါ့ ... အိမ်ထောင်ပြုခြင်းသည် ကျန်းမာရေးကို အလွန်ထိခိုက်စေသည်တဲ့ ။

အမေကလေ ဘာလို့များ ဒီသားချောချောလေး တစ်ယောက်တည်းကို ယောကျာ်းပေးစားရက်တာပါလိမ့် ? ပြီးတော့ ငယ်ငယ်ချောချောလည်း မဟုတ် ! သက်ကြားအို ငကြောင်ငကြားကြီးနှင့် .. :")

We Got MARRIED! [XiuChen]Où les histoires vivent. Découvrez maintenant