SIX

1.5K 217 65
                                    

ခြေဦးတည့်ရာကို  ထွက်လာခဲ့ပြီး မောင်းချင်ရာမောင်းနေသည့်ကားကို ဘယ်နားထိုးရပ်ရမည်မသိ ။ စိတ်ကလည်း ဘယ်မှာမှရှိမနေဘဲ ဟိုလွင့်သည်လွင့်နှင့် ။ ဘာတွေဘယ်လိုဆက်လုပ်ရမည် ... ဆက်လုပ်မိမည်ကိုလည်း မသိတော့ ။ အရာအားလုံးက ဗလာကျင်းလျက် ရှိနေသည် ။

*တီ ... တီ *

ဖုန်းဝင်လာသည် ။ Caller ID ကိုလည်း မကြည့်မိ ။ စိတ်လည်းမရှိသည်မို့ မကိုင်ဖြစ် ။ အကြိမ်ကြိမ်ဝင်သည် ဝင်တိုင်းမကိုင်ဖြစ် ။ ကြာလာတော့ ခေါ်သည့်လူလည်း စိတ်ကုန်သွားသည် ထင်သည် ထပ်မလာတော့ ။

တစ်ဘဝလုံး ပင်ပင်ပန်းပန်းနှင့် ဒီသားတစ်ယောက်တည်းကို ပျိုးထောင်ခဲ့သည့် အမေ ။ ဘာတွေဘယ်လိုလုပ်လုပ် အကုန်လုံးကို ခွင့်ပြုပေးခဲ့ပြီး ဝင်ရောက်စွက်ဖက်ခဲ့သည်က ဒီအိမ်ထောင်ရေးတစ်ခုတည်း ။ ငြင်းဆန်မိတာက ပါးရိုက်ခံရဖို့အထိ မှားသွားတာလား ။ အဲ့ဒါက အမေ့ကို ဒီလောက်အထိ ဒေါသထွက်စေတာလား ။ ကျွန်တော့်ကို သားမိုက်တစ်ယောက်လို ခံယူပစ်လိုက်ပြီး လက်နှင့်ဆုံးမရလောက်သည်အထိ ဆိုးဝါးတာလား ။

ဒါပေမယ့် ... ဒါပေမယ့် ကျွန်တော့်မှာ အခုတော့ ငြင်းဆန်လိုတဲ့စိတ် မရှိတော့ပါဘူး ။ အမေစိတ်ချမ်းသာဖို့ တစ်ခုတည်းအတွက် ရွေးချယ်တယ်ဆိုတာမျိုးတော့ မဟုတ်ပေမယ့် ... ကျွန်တော် ဒီအိမ်ထောင်ရေးကို လက်ခံလာချင်ပြီ ။ (ဂင်မင်ဆော့ကြောင့်လေ)

ကားကို ဂငယ်ကွေ့ ကွေ့လို့ရသည့် နေရာ၌ ကွေ့ချလိုက်သည် ။ အမေ့ဆီသွားပြီး တောင်းပန်ရမည် ။ အမေတစ်ခု သားတစ်ခု ဘဝမှာ ပထမဆုံးအနေနှင့် (ကျွန်တော့်စိတ်ထင်) အမေ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့မှုအတွက် တောင်းပန်ရမည် ။ ဒီကိစ္စမှာ ကျွန်တော်မှားတယ်လို့ မထင်ပေမယ့် အမေကလည်း မမှားပါဘူး ။ အကယ်၍ အမေမှားတယ်ဆိုရင်တောင် မိဘဆိုတာ .. ဘာပဲဖြစ်ဖြစ် အမြဲမှန်တာမို့ အမေမှားလည်း အမေမှန်သည် ။

ကျွန်တော် ဦးတည်ရာမဲ့ လျှောက်မောင်းလာခဲ့တာ အချိန်အတော်ကြာသွားမှန်း အခုအပြန်ခရီးမှာ သတိလေးနည်းနည်းရှိလာမှ သိတော့သည် ။ ဆိုးလ်တစ်မြို့လုံးကို နှံ့တာထက်ကျော်နေခဲ့ပြီ ။ ဒီလောက်အထိ ဝေးဝေးကို ရောက်လာခဲ့တယ်ဆိုတာ ယုံတောင်မယုံနိုင်စရာပါပဲ ။

We Got MARRIED! [XiuChen]Where stories live. Discover now