THREE(B)

1.9K 263 96
                                    

အစောက ကျွန်တော့်သတို့သားလောင်းဆီ ဖုန်းဆက်တော့ ပြန်ဖြေသံက အိပ်ချင်မူးတူးနှင့် ... ကျွန်တော် ဖုန်းဆပ်လိုက်တာ သိပ်လည်း မစောလှပါဘူး!
နံနက်ကို သည်လောက်အစောမှ မထနိုင်လျှင် သူနှင့်ကျွန်တော် ပေါင်းဖက်ဖို့က ဖြစ်နိုင်မည်မထင် .. ။

အခုအချိန်က မနက်(၆) နာရီ .. ကျွန်တော်က အလုပ်သွားဖို့ အသင့်ဖြစ်နေပြီ! သူ မနက်(၅) နာရီမှ မနိုးလျှင် ကျွန်တော့်အတွက် မနက်စာက ဘယ်လိုလုပ်မှာလဲ ..? .. တစ်နေ့တာလုံး ရုန်းကန်လှုပ်ရှားဖို့ အင်အားအရင်းအမြစ်က မနက်စာ ဖြစ်သည် ။ အခု ကျွန်တော်အောက်ဆင်းလျှင် မနက်စာက အဆင်သင့် ... ဒီအိမ်မှာက ကျွန်တော့်ကြောင့် အမေပါ အစောထရသည် .. ။

ဩော် .. အိမ်မှာ လူအများကြီး ရှိတယ်လည်း မထင်လိုက်နဲ့ဦး ..! .. ကျွန်တော်ရယ် ကျွန်တော့်အမေရယ် နှစ်ယောက်တည်း ..~ အိမ်အကူတော့ မခေါ်နိုင်ပါဘူး ။ တကယ်တော့ အိမ်အကူခေါ်တယ်ဆိုတာ သိပ်က် ဖြုန်းတီးတဲ့ ကိစ္စဗျ ! အိမ်ရှိလူစုံ နိုင်သလောက် တာဝန်ခွဲလို့ ရပါလျက် အိမ်အကူ သပ်သပ်ထပ်ခေါ်တော့ ပိုက်ဆံကုန်ပြီး လုပ်အားပြုန်းသည် ။

အိမ်မှာက အမေသည် ထမင်းဟင်းချက်ရန် တာဝန်ယူသည် ။ အသန့်ကြိုက်သူ ကျွန်တော့်ကြောင့်တော့ တစ်အိမ်လုံးက သန့်ပြန့်လို့နေသည် ။

"Morning!"

အောက်ရောက်တော့ အမေက နှုတ်ဆက်သည် ။ ကျွန်တော်လည်း တစ်ချက် ပြုံးပြလိုက်ရင်း မနက်စာကိုသာ အပြည့်အဝ စားမိသည် ။ ထမင်းစားနေတုန်း အမေက နေ့လည်စာ ထမင်းဗူးကို ထုတ်ပိုးပြီး စက်ဘီးမှာ သွားချိတ်ပေးသည် ။
ကျွန်တော် အလုပ်သွားရင် အသင့်ပဲပေါ့ .. ။

Company နှင့်အိမ်က သိပ်မဝေးသည်မို့ စက်ဘီးနှင့်ပဲ သွားသည် ။ အခု (၆) နာရီခွဲနေပြီ ... ခဏနေ ထမင်းစားပြီး စက်ဘီးနင်းလျှင် (၇) နာရီခွဲလောက်တော့ ရောက်မည် .. ။ တစ်လကို ဝင်ငွေ သိန်း(၈၀၀) ကျော်ရှိသည့် သူဌေးလေးဆိုပေသည့် ကျွန်တော့်မှာ ကားမရှိပါ ! နေ့စဉ်ဘဝမှာ မရှိမဖြစ် လိုအပ်နေသော အရာမဟုတ်သဖြင့် ကျွန်တော် မဝယ်ဖြစ် ~

အနေမကတော့ ဂုဏ်သိက္ခာဘာညာ အော်လွန်းသဖြင့် မတတ်သာ၍ သားလိမ္မာ ကျွန်တော်သည် တစ်ပတ်ရစ် ကားလေးတစ်စီး ဝယ်ပေးထားပါသည် ။ ကားအသစ် .. ကားအသစ်နှင့် အမေသည် သီကြွေးသော်ငြား သံရည်ကျိုရမည့် ကားတို့၏ ပြုန်းတီးမှုကို ထောက်ထားသဖြင့် ကျွန်တော်သည် တစ်ပတ်ရစ်ကိုသာ ကြိတ်မှိတ်ဝယ်ပေးခဲ့သည့်နောက် အမေ၏ စိတ်ဆိုးစိတ်ကောက်မှု ဒဏ်ကို ၃လကြာ ခံလိုက်ရသည် ... !

We Got MARRIED! [XiuChen]Where stories live. Discover now