Chapter 46

2K 155 44
                                    

Beam P.O.V

ကောင်းကင်တခုလုံးတိမ်စိုင်များကင်းစင်ပြီးပြာလဲ့နေတဲ့ကောင်းကင်ပြာကြီးရဲ့အောက်ကချစ်ခြင်းများကိုချည်နှောင်ပေးတော့မယ့်နေရာလေးတခု။

ကတ္ထီပါရောင်မြက်ခင်းပြင်ကျယ်ကိုအဖြူရောင်ပန်းပွင့်လေးတွေနဲ့ဖြန့်ကျက်ထားပြီးတော့မင်္ဂလာမောင်နှံကိုခေါ်ဆောင်မယ့်လျှောက်လမ်းကိုတော့အနီရောင်ကော်ဇောလေးတခုခင်းကျင်းထားတယ်။

လျှောက်လမ်းလေးရဲ့အဆုံးမှာတော့သူ့ချစ်သူသူ့ဆီလျှောက်လှမ်းလာတာကိုရင်ခုန်စိတ်လှုပ်ရှားမှုများနဲ့မျှော်ကြည့်နေတဲ့အမျိုးသားတဦး။

အဲ့အမျိုးသားရဲ့အထက်ကျကျစင်မြင့်မှာတော့သူတို့ချစ်သူ၂ယောက်ကိုကောင်းချီးပေးမယ့်ဘုန်းတော်ကြီးတပါး။သူ့ရှေ့ကအမျိုးသားလေးရဲ့ပျော်ရွှင်ကြည်နူးနေတဲ့ပုံကိုကြည့်
လိုက်ရင်းအဲ့အမျိုးသားလေးလှမ်းမျှော်ကြည့်နေတဲ့နေရာကိုဘုန်းတော်ကြီးကြည့်လိုက်တော့လျှောက်လမ်းကနေတ
လှမ်းချင်းလှမ်းလာတဲ့ရှက်သွေးလေးတွေဖြန်းနေတဲ့မျက်နှာလေးနဲ့အမျိုးသားငယ်လေး။ဘုန်းတော်ကြီးသူလက်ဆက်
ပေးရမယ့်ချစ်သူ၂ဦးရဲ့ပုံစံလေးတွေကိုကြည့်ပြီးသူတို့၂
ယောက်ဆီကချစ်ခြင်းတွေကဘုန်းတော်ကြီးဆီကိုပါကူး
စက်လာပြီးပျော်ရွှင်ခြင်းတွေကိုခံစားမိစေတယ်။

မင်္ဂလာပွဲလာတဲ့ဧည့်ပရိသတ်များကလဲသူတို့ချစ်သူ၂ဦးကိုကောင်းချီးပေးဖို့အတွက်လျှောက်လမ်းတဖက်တချက်မှာနေရာယူပြီးအမျိုးသားလေးလျှောက်လှမ်းလာမယ့်လမ်းကိုအ
ဖြူရောင်ပန်းပွင့်ဖက်လေးများကျဲချလို့ပန်းခင်းလမ်းတခုကိုဖန်တီးပေးနေတယ်။

လျှောက်လမ်းအဆုံးနားရောက်လာတဲ့အမျိုးသားလေးကို
သူ့ချစ်သူအမျိုးသားကလက်လေးတဖက်ကမ်းပေးလို့ဘုန်းတော်ကြီးရှေ့မျက်နှာချင်းဆိုင်စေလိုက်တယ်။

"Khun Forth Jaturapoon သင့်ရဲ့ရှေ့လျှောက် ရမယ့်ဘ၀လမ်းခရီးမှာအဆိုးဆုံးအချိန်တွေနဲ့ကြုံပါစေ၊ အကောင်းဆုံးအချိန်တွေနဲ့ကြုံပါစေ။ဘယ်လိုအခြေအနေ
မျိုးပဲရောက်ရောက်သင်ဟာခုသင့်ဘေးမှာရှိနေတဲ့
Khun Beam Baramee နဲ့အတူသင့်ရဲ့ကျန်ရှိနေ တဲ့ ဘ၀တလျှောက်လုံးကိုအတူတူလျှောက်လှမ်းသွားနိုင် မည်လား။Khun Beam Baramee ကိုသင့်ရဲ့ဘ၀လက် တွဲဖော် Husband အဖြစ်တသက်လုံးချစ်ခင်ကြင်နာ စောင့်ရှောက် သွားပါမည်လား"

တွဲလက်မခွဲစတမ်းWhere stories live. Discover now