Ter P.O.V
ကျွန်တော်မှန်ရှေ့မှာရပ်ပြီးကိုယ့်ကိုကိုယ်သေချာကြည့်နေမိတယ်။ မှန်ထဲမှာပေါ်နေတာကအသက်၁၂နှစ်အရွယ် ဖြူဖြူနုနုကောင်လေးတယောက်။
မျက်နှာပြည့်ပြည့်၊ပါးလေးဖောင်းဖောင်းလေးနဲ့တွေ့တဲ့သူတိုင်းက Pa Pa Beam နဲ့တူတယ်လို့ပြောကြတယ်။ Paa ကတော့ ကျွန်တော်ကကြီးလာလေကျွန်တော့Maa နဲ့တူလာလေပဲတဲ့။ကျွန်တော်လဲကိုယ့်ကိုကိုယ်Maa နဲ့ပိုတူတယ်လို့ပဲထင်မိပါတယ်။
ကျွန်တော်မှန်ထဲကကိုယ့်ပုံကိုယ်ကြည့်ရင်းနဲ့နံရံပေါ်မှာ
ချိတ်ထားတဲ့Maa ဓာတ်ပုံကိုလှမ်းကြည့်လိုက်မိတုန်း အခန်းတံခါးပွင့်လာလို့လှည့်ကြည့်လိုက်တော့ကျွန်
တော့အချစ်ဆုံးကျွန်တော့ရဲ့Pa Pa Beam ။Paa ကအခန်းထဲဝင်လာပြီးတော့ပြုံးပြီးကျွန်တော့နား လျှောက်လာတယ်။Paa နောက်မှာခုမှလမ်းလျှောက် တက်ခါစကျွန်တော့ညီငယ် Perth လေးကတကျွိကျွိ မြည်တဲ့ဖိနပ်လေးနဲ့လျှောက်ဝင်လာလို့ချစ်စရာကောင်း
တဲ့ညီငယ်လေးကိုကြည့်ပြီးအသည်းယားမိသွားတယ်။Paa ကကျွန်တော့ကိုဆံပင်လေးကိုသေချာလက်နဲ့ သပ်ပေးပြီးတော့အကျီကိုစန့်စန့်ရန့်ရန့်ဖြစ်အောင်
လုပ်ပေးတယ်။"Paa သား Ter လေးတောင်အရွယ်ရောက်လာပြီပဲ"
ကျွန်တော့ကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပေးပြီးပြော
လာတဲ့Paa မျက်နှာကိုမော့ကြည့်လိုက်မိတော့Paa မျက်နှာချောချောကပြုံးနေပေမဲ့Paa မျက်လုံးထဲက ၀မ်းနည်းနေသလိုလို။Paa ဘာကိုစိုးရိမ်နေတာလဲ။ကျွန်တော်Paa တို့နားကထွက်သွားမှာစိုးရိမ်နေတာလား။ ဟုတ်ပါတယ်။ကျွန်တော်ကPa Pa Beam နဲ့ Daddy Forth တို့ရဲ့သားအရင်းမဟုတ်ဘူးဆိုတာကျွန်တော် အသက်၁၀နှစ်ပြည့်မွေးနေ့တုန်းကပြောပြခဲ့တာပါ။
ကျွန်တော့ရဲ့အဖေရင်းကဒီနေ့ထောင်ကလွတ်လာတော့
မယ့်လူ။ကျွန်တော်ဒီနေ့ခုလိုပြင်ဆင်နေတယ်ဆိုတာလဲ
ကျွန်တော့အဖေဆိုတဲ့သူဒီနေ့ထောင်ကထွက်လာမှာကို
သွားတွေ့ဖို့။ကျွန်တော့ရဲ့ကျောင်းနာမည် Saintsup ဆိုတာတောင်ကျွန်တော့အဖေအရင်းကပေးခဲ့တာ။