Epilogue

1.7K 122 35
                                    

Author Zuz လျှာလေးနည်းနည်းရှည်ချင်ပါတယ် 😘

Author ရဲ့ပထမဆုံးရေးခဲ့တဲ့ Fanfiction ဖြစ်တဲ့ Sweet Moment Season -1 ကို Author Reader လေးတွေတော်တော်များများဖတ်ပြီးကြမယ် လို့ထင်ပါတယ်။

Author ကတကယ်ကို Sweet လေးတွေရေးရတာ အားသန်တဲ့သူပါ။ဒါကြောင့်မို့Sweet Moment က Author ရေးချင်တဲ့ အဆွိတွေအကုန်ရေးထားတဲ့Fic လေးဆိုလဲမမှားဘူးပေါ့နော်။

Sweet Moment ကတော့တကယ်ကိုလုံးဝပေါ့ပေါ့ ပါးပါးဇာတ်လမ်းလို့မို့ရေးရတာလဲတကယ်ကိုပျော်စရာ
ကောင်းခဲ့တဲ့ဇာတ်လမ်းလေးပါ။ အဲ့ Fic လေးပြီးသွား တော့ Author ချစ်ရတဲ့ကလေး၂ယောက် TaeTee (ForthBeam) ရဲ့ Fanfic နောက်တပုဒ်လေး ရေးချင်လာခဲ့တယ်။အဲ့တာကလဲပထမ Sweet Moment တုံးကနဲ့ကွဲထွက်တဲ့ဇာတ်လမ်းလေးတပုဒ် ဖန်တီးချင်ခဲ့တာမို့လို့Reader လေးတွေကိုဘယ်လို Message မျိုးပေးရမလဲဆိုတာစဉ်းစားခဲ့ပြီးဒီ တွဲလက်မခွဲစတမ်း Fic လေးကိုရေးဖြစ်ခဲ့တာပါ။

ဒီ " တွဲလက်မခွဲစတမ်း " Fic လေးမှာ Author အဓိကပြောပြချင်တာကချစ်ခြင်းတွေအကြောင်းပါ။

ဒီ Epilogue လေးရေးရတဲ့ရည်ရွယ်ချက်ကလဲ Fic လေးကနေ Author ပေးချင်တဲ့ Message လေး
တွေ Reader လေးတွေဆီရောက်မရောက်သိချင်လို့
လဲပါပါတယ်။

ဒီ Fic မှာ Forth က Beam ကိုချစ်တဲ့အချစ်က ချစ်သူတယောက်လိုရောညီတယောက်လိုရောချစ်တဲ့
အချစ်။

Beam ကလဲ Forth ကိုချစ်သူတယောက်လိုရော အစ်ကိုတယောက်လိုရောအားကိုးပြီးချစ်တဲ့အချစ်။

Phaနဲ့Kit ရဲ့ Beam အပေါ်ထားတဲ့အချစ်ကကျဖြူ စင်တဲ့အချစ်။သူငယ်ချင်းအချစ်။ညီအကိုလိုအချစ်မျိုး။

Mali ရဲ့ Beam အပေါ်ထားတဲ့အချစ်ကမိန်းကလေး တိုင်းသူ့ချစ်သူအပေါ်ထားတက်တဲ့အချစ်မျိုး။ ဘ၀ရော အချစ်ရောကိုကိုယ့်ချစ်သူတယောက်ထဲအတွက်ပဲသစ္စာရှိရှိပေးအပ်ချင်တဲ့အချစ်မျိုး။ဒါကြောင့်သူမ ဘ၀Benရဲ့ အစော်ကားကိုခံရပြီးတဲ့အချိန်မှာသူမဖြူစင်တော့ဘူးဆိုပြီးသူ့ချစ်သူကိုသူ့နားကထွက်သွားစေချင်ခဲ့တာမျိုး။

Nine ရဲ့ Ben ကိုချစ်တဲ့အချစ်ကျတော့ပေးဆပ်ပြီး ချစ်တဲ့အချစ်။စွန့်လွှတ်ပြီးချစ်တဲ့အချစ်။ သူ့ချစ်တဲ့သူ ပျော်ဖို့အတွက်ဆိုရင်သူဘယ်လောက်နာကျင်နေပါစေ
ရင်ကွဲခံပြီးတော့သူ့ချစ်သူပျော်ဖို့တခုထဲအတွက်သူ
အစွမ်းကုန်ကြိုးစားပေးပြီးချစ်တဲ့အချစ်မျိုး။သူ့အချစ်
ကျအတ္တနည်းနည်းလေးပါလာတယ်။သူ့ချစ်တဲ့သူသာ
ပျော်မယ်ဆိုရင်ဘယ်သူတွေပဲထိခိုက်ပါစေဂရုမစိုက်ဘူး။
သူ့ချစ်တဲ့သူပျော်ဖို့သာအဓိကပဲ။

တွဲလက်မခွဲစတမ်းWhere stories live. Discover now