"Chan... သဘက်ခါကို မြောက်ကိုရီးယားဘက်ကို ချစ်ကြည်ရေးခရီးသွားဖို့ရှိတယ်နော်"
လက်ထပ်ပွဲပြီးတာနဲ့ ပထမဆုံးခရီးစဉ်အဖြစ် မြောက်ကိုရီးယားကို ချစ်ကြည်ရေးခရီးသွားရန်
စီစဉ်ထားသည်...တနည်းအားဖြင့်တော့ တော်ဝင်မိသားစုဟာ အခုအချိန်မှာ ခိုင်မာတဲ့အနေအထားရှိနေပြီဆိုတာကို ပြသလိုခြင်းလဲဖြစ်သည်.
"Nae..."
"ခရီးစဉ်မှာလိုက်မယ့်သူတွေကို အကုန်ရွေးပြီးသွားပြီဆိုတော့ တခြားရော ဘာတွေလိုတာရှိသေးလဲ"
"Kris ရော ပါမှာလား.... Hyung"
လက်ထပ်ပွဲမတိုင်ခင်တည်းက
သူ့ကို မတွေ့ရတာကြောင့် မေးမိလိုက်သည်...သူ ဘယ်ရောက်နေတာပါလိမ့်.......
ခါတိုင်းအစည်းအဝေးတွေဆို သူကိုယ်တိုင်
လိုက်တက်ပေမဲ့...
အခုတော့ ကိုယ်ရံတော်ခေါင်းဆောင်သာ
တက်ရောက်လာသည်"Kris က သီးခြားတာဝန်တစ်ခုကို
ထမ်းဆောင်နေတယ်လို့ ကိုယ်ရံတော်တပ်ဖွဲ့
ခေါင်းဆောင်ဆီက သတင်းပို့ထားတယ် Chan""သီးခြားတာဝန်????? ဘယ်လိုတာဝန်မို့လို့
မင်းကြီးဖြစ်တဲ့ ကျနော်က မသိရတာလဲ?????""အင်း..... Hyung လဲ မပြောတတ်ဘူး.. ဘုရင့်ကိုယ်ရံတော်ပေမဲ့ သူတို့မှာလဲ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်လေ Chan"
"ထားပါတော့လေ... အဲဒီတော့ အခုသွားမယ့်ခရီးစဉ်မှာ သူမပါတော့ဘူးပေါ့... ဟုတ်လား"
"အခုထက်ထိတော့ ဘာမှ သတင်းမကြားသေးဘူးဆိုတော့ မပါဖြစ်လောက်တော့ဘူး"
Suho Hyung ဆီက စကားကြားပြီးတဲ့
နောက်တော့ ကျနော် စိတ်ပျက်သွားမိသည်...အရင်ခရီးတွေထွက်တိုင်း သူက
ကျနော့်အနီးကပ်ကိုယ်ရံတော်လေ....ကျနော့်ဘေးနားမှာ သူရှိနေတာက
တခြားသူတွေထက်ပိုပြီးတော့ လုံခြုံတယ်လို့
ခံစားရတယ်.....ဒါနဲ့အခုထိ အဆက်အသွယ်မရသေးဘူး
ဆိုတော့ သူက ဘယ်တွေရောက်နေလို့လဲ....ဘာတွေ သွားလုပ်နေတာလဲ.......
.
.
YOU ARE READING
Will you come back to me?
Fanfictionthe King 2 heart ကို အနည်းငယ်မှီငြမ်းထားပါတယ်... ပထမဆုံးရေးဖူးတဲ့ Krisyeol လေးပါ.... romance ထက် bromance ကို ဦးစားပေးရေးဖြစ်မှာပါ... အားပေးကြပါဦးနော်