Part 13

177 24 4
                                    

ကျနော် မှိတ်ထားတဲ့မျက်လုံးတွေကို မဖွင့်ရဲဘူး....

ကျနော့်လက်ကို ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေရဲ့နွေးထွေးမှုကို ခံစားမိနေပေမဲ့လဲ.... ကျနော်... မယုံနိုင်သေးဘူး...

ကျနော် သတိရလာတာကို သိသွားရင် ကျနော့်ဘေးနားကနေ သူထွက်သွားမှာကို စိုးမိတယ်....

သူ့စကားသံတွေကို ကြားနေပေမဲ့ ကျနော်ရဲ့စိတ်ထဲမှာ အိပ်မက်လိုလိုထင်မိနေတုန်းပဲ....

သူ့အသံကို မကြားရတာ ဘယ်လောက်တောင်ကြာသွားခဲ့ပြီလဲ....

၁၀ နှစ်လား ၁၅ နှစ်လား.....

သူနဲ့ကျွန်တော် ဝေးသွားချိန်မှာ ကျနော့်အသက်က ၂၅ နှစ်ပဲရှိသေးတာ... အခု ကျနော့်အသက် ၃၈ နှစ်ဆိုတော့ ၁၃ နှစ်ပေါ့...

၁၃ နှစ်တောင် ကြာသွားခဲ့တာလား...

သူ ၁၃ နှစ်တောင် ဘယ်ရောက်နေခဲ့တာလဲ....

ဘာတွေဖြစ်ခဲ့တာလဲ.....

.

.

.

.

.

.

.

.

.

.

.

.

Flash Back

သူပျောက်သွားတာ ရက်ပေါင်း ၂၀ လောက်ကြာတော့မှ သူ့ကို ရိုက်ထားတဲ့ စက္ကန့်ပိုင်းစာ video လေး တစ်ခုမြင်လိုက်ရတယ်.

ကျနော်တို့တွေ လိုက်စုံစမ်းပေမဲ့

ဘာသဲလွန်စမှ မရခဲ့ဘူး....

ကိုယ်ရံတော်တပ်ဖွဲ့ဝင်တွေ.. အထူးတပ်ဖွဲ့ဝင်တွေ အသဲအသန်ရှာဖွေခဲ့ကြပေမဲ့ တစ်ဖက်အဖွဲ့ရဲ့ သေသပ်မှုတွေကြောင့်

ဘာမှမသိခဲ့ရဘူး....

နေ့နဲ့ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာတာနဲ့အမျှ.... ကျနော့်ရဲ့ စိုးရိမ်ပူပန်ခြင်းတွေကလဲအဆုံးအစမရှိ....

"Hyung.... ဘာအခြေအနေထူးလဲ.."

Suho Hyung နဲ့တွေ့တိုင်းမေးနေပေမဲ့လဲ.....ဘာမှ ထူးခြားမှုရှိမလာ...

Will you come back to me?Where stories live. Discover now