Part 9

211 27 5
                                    

ကုတင်ပေါ်မှာ လဲလျောင်းနေသော ကလေးငယ်တွင် အရင်လို ပြည့်ဖောင်းနေသောပါးလေးတွေ မရှိတော့

ကျနော်အမြတ်တနိုးနမ်းရှိုက်တတ်သော
ကလေးရဲ့လက်ဖောင်းဖောင်းလေးတွေကလဲ အခုတော့ အကြောပြိုင်းပြိုင်းထလျက်

ကျနော်မရှိသော အချိန်တွေအတွင်းမှာ ကလေးဘယ်လိုတွေ နေနေခဲ့တာလဲ

ကျနော့်အသက်နဲ့လဲပြီးတော့ ကာကွယ်ထားတဲ့ သူ့အသက်ကို သူတန်ဖိုးမထားဘူးလား

ဘာလို့ ကျနော်စိတ်ချအောင် မနေခဲ့တာလဲ...

"Suho ya.... Chan က ဘာလို့ဒီလောက်တောင် ပိန်သွားရတာလဲ... မင်းသူ့ကို ဂရုမစိုက်ဘူးလား"

မေ့မြောနေဆဲ ကလေးရဲ့လက်ကို ဆုပ်ကိုင်ထားရင်းက အနားတွင်ရှိသော Suho ကို မေးလိုက်သည်..

"ငါဂရုစိုက်ပါတယ်... ဒါပေမဲ့ Chan က ခေါင်းမာတယ်လေ.. သူ မြန်မြန်သေသွားရင်
မင်းနဲ့ပြန်တွေ့နိုင်တယ်ဆိုပြီးတော့

ဖြစ်သလိုတွေနေနေတာ"

"ဒါပေမဲ့ ငါသူ့ကို အသက်လဲပြီးတော့ ကယ်ထားတာ နေချင်သလိုနေဖို့မှ မဟုတ်တာလေ"

"အဲဒါတော့ ငါမပြောတတ်ဘူး.. မင်းလဲ
သူ့အကြောင်းသိရဲ့သားနဲ့ သူ့စိတ်ကိုလဲ
သိရဲ့သားနဲ့ မင်းသေပြီလို့ထင်ထားတာကို

ဘယ်လိုစိတ်နဲ့ သူအသက်ဆက်ရှင်ချင်မလဲ... တကယ်လို့ သူ့နေရာမှာ မင်းသာဆိုရင်တော့ မင်းနေနိုင်လို့လား"

"........"

"တွေ့လား... သူ့နေရာမှာ မင်းသာဆိုရင်
ချက်ချင်းတောင် သတ်သေနေဦးမှာ... Chan က ငါတို့ထင်ထားတာထက် ပိုပြီးတော့

ကြံ့ခိုင်ပါတယ်.."

"ငါသိပါတယ်.. သူ့စိတ်ကို ငါသေချာသိတာပေါ့.... ဒါနဲ့အခုက ဘာလို့ သတိမရသေးတာလဲ"

"ဆရာဝန်တွေပြောတာတော့ အားနည်းနေတယ်ပြောတာပဲ... ပြီးတော့ ရုတ်တရက် Shock ရသွားတာဆိုတော့"

Monitor ကနေတဆင့်မြင်နေရတဲ့ ကလေးရဲ့နှလုံးခုန်နှုန်းဟာ ပုံမှန်အနေအထားမှာပဲ ရှိနေတယ်...

"Chan က ညညတွေဆိုလဲ ကောင်းကောင်းအိပ်မပျော်ဘူး... အထူးသဖြင့် မိုးရွာတဲ့နေ့တွေပေါ့... "

Will you come back to me?Where stories live. Discover now