Part 7

215 26 2
                                    

"သခင်လေး.. ဘာတွေလိုလဲ... လိုတာရှိရင် ယူသွားနော်"

ကျနော်က မင်းကြီးမဟုတ်တော့ပေမဲ့
မင်းသားတစ်ယောက်ဖြစ်နေဆဲပဲဆိုတဲ့
အယူအဆတွေကြောင့်

ကျနော့်ကို အခုထက်ထိ သခင်လေးလို့
ခေါ်နေကြဆဲ...

ကျနော့်ဆိုင်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို လိုက်ဝယ်ရင်းနဲ့ ကျနော့်ကို နှုတ်ဆက်ကြတဲ့ အဒေါ်ကြီးတွေကို ပြန်ပြီးတော့ နှုတ်ဆက်ဖြစ်တယ်...

ပိုက်ဆံမရှိပေမဲ့ ရိုးသားကြတဲ့အဒေါ်ကြီးတွေက ကျနော့်ကို သားတစ်ယောက်လို
ချစ်ခင်ပေးတယ်...

ကျနော်လိုအပ်တာတွေ ၀ယ်ပြီးတော့
ပစ္စည်းတွေကို ကားနဲ့ထည့်ပေးလိုက်ပြီးတော့ ကျနော်ကတော့ လမ်းလျှောက်နေမိတယ်...

အရင်တုန်းကတော့ သူနဲ့အတူတူ
လာမယ်ဆိုပြီးတော့ စဉ်းစားခဲ့ဖူးတာပေါ့ လေ.....

အခုကျတော့လဲ
ကျနော် တစ်ယောက်တည်းပေါ့..

ဒါပေမဲ့ သူပြန်လာမှာပါ... ကျနော်သိတယ်....

.

.

.

.

.

.

.

.

.

.

.

"Hyung.... Kris ဘယ်တုန်းက
ထွက်သွားပြန်တာလဲ"

မနက်မိုးလင်းတော့ ကျနော့်နားမှာ
သူမရှိတော့ဘူး... သူထွက်သွားပြန်ပြီလို့
ကျနော်သိလိုက်တယ်..

သူ့ရဲ့အလုပ်တာဝန်တွေကြောင့်
အခုလိုနေနေရတယ်ဆိုတာ သိပေမဲ့

အဲ့အလုပ်တွေကို သူ့ကို မလုပ်စေချင်တော့ဘူး

အကြမ်းဖက်ဂိုဏ်းတစ်ခုထဲကို သူလျှိုအဖြစ် ၀င်ရောက်စုံစမ်းတာဟာ
ဘယ်လောက်တောင် ခဲယဉ်းမလဲ

မတော်တဆမိသွားခဲ့ရင် အသတ်ခံရနိုင်တဲ့
အနေအထားကိုလေ...

ကျနော် ဘယ်နည်းနဲ့ စိတ်ချနိုင်ပါ့မလဲ....

"မနက် ၄ နာရီလောက်က ထွက်သွားတာပဲ.. သူ ပုံမှန်ဆက်သွယ်ဖြစ်အောင်ကြိုးစားမယ်လို့ ပြောသွားတယ် ပြီးတော့ သူ့ကို အရမ်းစိတ်မပူပါနဲ့ လို့လဲ မှာသွားတယ်"

Will you come back to me?Where stories live. Discover now