Scroll Down for Unicode Ver:
:Zawgyi Version:
/Oppa....oppa!!!!/ကျွန်တော်တို့သုံးယောက်အနောက်မှ ထွက်ပေါ်လာသော မိန်းကလေးတစ်ယောက်ရဲ့ အသံကြောင့်...
နောက်ကို မလှည့်ချင်ပါဘဲ လှည့်ကြည့်လိုက်ရသည်/ဘာကိစ္စ?/
ဂျုံဒယ်က စက်ဘီးသော့ကို သူ့လက်ညိုးဖြင့် တဝှီဝှီလှည့်ရင်း....
/ညီမလေးက အစ်ကို့ ကိုခေါ်လိုက်တာလား/
ဖြစ်ရတယ်~
/ဟိ!/
တင်းထားတဲ့ ကြားမှထွက်ပေါ်လာသော ဂျုံအင်ရဲ့ ရယ်သံ/အဟမ်း..အဟမ်း/
ကျွန်တော် လုပ်ချောင်းတွေဆိုးပြတော့ ဂျုံဒယ်ရဲ့ မျက်စောင်းက ကျွန်တော့်ဆီဒိုင်းခနဲ့../အာ..မဟုတ်ပါဘူး ညီမ ခေါ်တာက
ဂျုံအင် Oppa../ထိုကောင်မလေးက ရှက်ရွံ့သလိုလို ကြောက်သလိုလိုဖြင့်
ဂျုံအင်ဆီ မရဲတရဲ လက်ညှိးထိုးပြသည်/နောက်ဆို ဘယ်သူ့ကိုခေါ်မှန်းသိအောင် နာမည်တပ်ခေါ်!/
အံကြိတ်ပြီးပြောနေသည့် ဂျုံဒယ်ရဲ့ ဖြစ်သွားသောမျက်နှာအခွက်ကို မြင်လိုက်ရသောကြောင့် ကျွန်တော်ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည်
/Oppa မွေးနေ့ရောက်တော့မှာမို့
ညီမ ကိုယ်တိုင် လုပ်လာခဲ့တာ/့ကိတ်မုန့်လေး~
အမွှာနှစ်ကောင်တောင် မွေးနေ့ရောက်တော့မည်ပဲ
ကျွန်တော်တောင် ခုမှသတိရသည်/အင်း ကျေးဇူးပဲနော်/
ဂျုံအင်က ထိုကောင်မလေးအား နိုက်ခြိုက်စွာပြုံးပြလိုက်ရင်း ထိုကိတ်မုန့်အားလှမ်းယူလိုက်သည်/ဟေ့ကောင်တွေ သွားမယ်/
ထိုကောင်မလေး ထွက်သွားတော့မှ~
/မွေးနေ့က ငါလည်း ရောက်မှာပဲကို
အဲ့ကောင်ကိုပဲ ကွက်ပေးရတယ်လို့ ဟွန်း!
နော်.. ဂျောင်ဆူး/အမယ်! ဂျုံဒယ်က ကျွန်တော့်ကိုပါ စစ်ကူခေါ်လိုက်သေး...
ကျွန်တော်တို့ ကျောင်းမှာ ဂျုံအင်က မိန်းကလေးတွေကြား တော်တော်နာမည်ကြီးသည်
Sexy ကျလို့တဲ့~ ကျွန်တော်တော့မထင်ပါ ><
ဂျုံအင်နဲ့ ဂျုံဒယ်က အမွှာပေမဲ့ ရုပ်ချင်းခွဲမရအောင်
ဆင်နေတာမျိုးတော့မဟုတ်....
ဂျုံအင်က သူ့အဖေနှင့် သွားဆင်၍
ဂျုံဒယ်က သူ့အမေရုပ်~
ဂျုံဒယ်က ဘယ်လိုပြောရမလဲ...
ချစ်စရာကောင်းတယ်လို့ပဲ ပြောရမလား..
ဘယ်လိုပဲပြောပြော
ကျွန်တော် ဒိုဂျောင်ဆူးသည်သာ
အခန်းထဲတွင် အခန့်ညားဆုံးသူဖြစ်သည် အဟင်း~
![](https://img.wattpad.com/cover/131686004-288-k563694.jpg)
KAMU SEDANG MEMBACA
STAY
Fiksi PenggemarHope u will enjoy!!!!!! With Love❤ By emily Cover by LenCo Graphics