STAY [5]

1.1K 134 4
                                    

Scroll Down for Unicode Ver:

:Zawgyi Version:
/ကဲ အမှတ်စာရင်းတွေလာယူလို့ရပီ/
Sam အခန်းပြင်သို့ထွက်သွားတာနဲ့ သူများတွေမယူခင် အတန်းရှေ့ကို အမြန်ပြေးထွက်ပီးယူကြည့်လိုက်သည်

/ကျစ်!/
'Roll.5'
သေလိုက်ပါတော့ကွာ...
ဒီတစ်ခေါက်မှာ ဘယ်လိုတောင်ဖြေခဲ့မိပါလိမ့်
ကျွန်တော်စိတ်ညီးညူစွာ နေရာသို့ပြန်ဝင်ထိုင်လိုက်သည်

/ဂျုံအင် ဘယ်လောက်ရလဲ/

/3/

/ဂျုံဒယ်ရော?/

/2/
ဟူး......
သေချာသည် ကျွန်တော်တော့ ဒီနေ့အမေ့ဆီမှာအဆူခံရတော့မည်
အဖေနဲ့အမေက ကျန်တဲ့နေရာတွေမှာ ကျွန်တော့်ကို အလိုလိုက်ချင်လိုက်မယ်
ကျွန်တော့်ပညာရေးနဲ့ပတ်သက်လာရင်တော့ တစ်ခါမှအလျော့ပေးလေ့မရှိ

/ဂျုံဒယ် ငါအိမ်ပြန်ရမှာကြောက်တယ်/

/ဒါနဲ့ ဂျုံအင် Roll 1 က ဘယ်အကောင်ရသွားတာလဲ/

/ဝူဘင်/
ဟာ...ပိုဆိုးကုန်ပီ
ကျွန်တော့်အမေနဲ့သူ့အမေက တည့်တာမဟုတ်
ဝူဘင်ထက် အမှတ်နည်းရကောင်းလှဆိုပီး အမေတော့ ကျွန်တော့်ကို ရိုက်တော့မည်

/ဂျောင်ဆူးရယ်
မင်္သကာ မင်းအရိုက်ခံရရင်လည်း နှစ်ချက်သုံးချက်ပဲနေမှာ
ဘာမှကြောက်မနေနဲ့ ဒီအတိုင်းအရိုက်ခံလိုက်/
ပြောတော့ လွယ်တာပေါ့
အမေက တခြားသူတွေနဲ့မတူ
တစ်ခုပြောရင် မဆုံးတော့
အရမ်းကို ပွစိပွစိနိုင်လွန်းသည်

/အဲ့ပေါ့ မင်းတို့က ပြောနိုင်အားရှိတာပါ့/

/မဟုတ်ပါဘူးကွာ
ငါတို့ အမေဆို မင်းအမေထက် ဆယ်ဆပိုကြမ်းသေးတာ နော် ဂျုံဒယ်/
ဂျုံအင် က ကျွန်တော်ဆံပင်ကိုပွတ်သတ်ရင်းနဲ့ပြောလာသည်

ကျွန်တော် အနောက်တန်းက ပတ်ချန်ယောလ်ကို လှမ်းကြည့်လိုက်သည်
သူ ရှိမနေ..
အဲ့အကောင်က တော်တော့်ကို ခန့်မှန်းရခက်တာ
အတန်းချိန်ဆိုလည် အချိန်မှန်မတက်
ကျောင်းကလည်း ပျက်သေးသည်
စာကော လိုက်နိုင်ပါ့မလား
နားမလည်တာရှိရင် ကျွန်တော်ရှင်းပြပါမယ်ဆိုလည်းလက်မခံ~

STAYOnde histórias criam vida. Descubra agora