Scroll Down for Unicode Ver:
:Zawgyi Version:
"ကဲ ကဲ အားလုံး!!!!
သူက ဒီနေ့ Sam တို့အခန်းကို ပြောင်းလာတဲ့ ကျောင်းသားသစ် ပတ်ချန်ယောလ်တဲ့"ဆရာမ ပြောသံကို ကြားသော်လည်း ကြယ်ခေါက်နေတုန်း တန်းလန်းမို့ ကျွန်တော် မော့မကြည့်မိသေး~
ကျွန်တော် မူလတန်း အရွယ်လောက်ကတည်းက ကြယ်စခေါက်တတ်ခဲ့တာထင်သည်
အဲ့အချိန်ကတည်းက ကြယ်လေးတွေ အားရင်အားသလို ခေါက်နေတတ်သည်
အင်း...ကြယ်လေးတွေ ခေါက်ပြီး ဖန်ပုလင်းလေးတွေထဲ ထည့်သိမ်းရသည်ကို ကျွန်တော် နှစ်သက်သည်..
ကျွန်တော့် အကျင့်ပဲ ပြောရမလား~"သားရေ နှုတ်ဆက်လိုက်ဦးလေ"
"Annyeong!!"
ထိုအသံဩဩ!!!!
ကြယ်ခေါက်နေရာမှ အလန့်တကြား မော့ကြည့်လိုက်သည်
OMG! ဟိုနေ့က ကျွန်တော် စက်ဘီးနဲ့ ဝင်တိုက်မိခဲ့သော လူ!သူက သူ့ရဲ့တံတောင်ဆစ်ကို ပတ်တီးစည်းထားသည်
အဲ့ဒဏ်ရာ...ကျွန်တော့်ကြောင့်ရခဲ့တာမလား
ထိုနေ့က သူ့ကို ဒီအတိုင်း ပြီးစလွယ်ပဲ တောင်းပန်ခဲ့ရတာ
စာမေးပွဲ အချိန်မမှီတော့မှာကို စိုးရိမ်တာကြောင့်လည်းပါသည်
ပြီးတော့.....ထပ်ဆုံဖြစ်မယ်လို့လည်း မထင်ထားတော့~
အဲ့ကောင်တော့ ကျွန်တော့်ကို မုန်းနေတော့မှာပဲသူ့က ရှေ့ဆုံးတန်းမှ ထိုင်နေသော ကျွန်တော့်ကို မြင်ပုံမပေါ်~
"သားရယ် နေရာက ဟိုးနောက်ဆုံးတန်းမှာပဲ လွတ်တော့တယ်
သား အဆင်ပြေပါ့မလား""ရပါတယ် Sam"
ဟင်း..ဒီလိုကျတော့လည်း ယဉ်ကျေးမယ့် ပုံစံနဲ့~
သူက ကျွန်တော်တို့ အတန်းဘေးနားကနေ
ဖြတ်သွားတာကြောင့်...."ချန်ယောလ် သားခဏလောက်"
ကျွန်တော် မျက်နှာကို စာအုပ်နဲ့ကွယ်ထားလိုက်သည်
မမြင်ပါစေနဲ့......မမြင်ပါစေနဲ့
"ဂျောင်ဆူး!!!"
မမြင်ပါစေနဲ့......မမြင်ပါစေနဲ့
"ဂျောင်ဆူး!!!!"
မမြင်ပါစေ....
"ဟေ့ကောင်..မင်းကို Sam ခေါ်နေတယ်လေ"