Scroll Down for Unicode Ver:
:Zawgyi Version:
/တီ....တီ....တီ....တီ..../
ရုတ်တရက်ထမြည်လာသော နိုးစက်နာရီ အသံကြောင့်
သူ အိပ်ရာက မထချင်ပါပဲ ထလိုက်ရသည်/အာ့!!/
အားနဲ့ ထထိုင်လိုက်၍ထင်..
တံတောင်ဆစ်တွင်ရထားသော ဒဏ်ရာက ဆစ်ကနဲကိုက်သည်/ဝါး.....!!!!/
နာရီကို ကြည့်လိုက်တော့ မနက် 5 နာရီထိုးခါနီးသာရှိသေးသည်
မျက်နှာသွားသစ်လိုက်မှပဲ လူကအနည်းငယ် လန်းဆန်းလာသလိုလို...
အင်း...ဒီနေ့ အလုပ်စဆင်းရမည်ပဲ/Appa သားသွားပြီနော်/
အိပ်ရာဘေးနားက စာရေးခုံပေါ်တင်ထားသော ဓာတ်ပုံလေးကို ကြည့်ရင်း နှုတ်ဆက်ပီးမှ ထွက်လာခဲ့လိုက်သည်အသက်လေးဆယ်ခန့်အရွယ်ရှိသော လူကြီးတစ်ဦးနှင့် ကလေးငယ်လေးတစ်ဦး၏ ပျော်ရွှင်စွာရယ်မောနေကြသော ပုံကား...
အိမ်ခန်းကျဉ်းကျဉ်းလေးထဲ တစ်ကိုယ်တည်း အထီးကျန်စွာ ကျန်ရစ်နေခဲ့လေရဲ့
.
.
.
.
.
အလုပ်မှ တစ်ခါတည်း ကျောင်းကိုတန်းလာခဲ့သည်ဖြစ်သည်မို့...
အခန်းထဲမှာ သူတစ်ယောက်တည်းသာရောက်သေးသည်
တစ်ယောက်တည်း ထိုင်နေရမှာ ပျင်းစရာကောင်းလွန်းလှသည်မို့
အခန်းထဲမှ လှမ်းမြင်ရသော ညောင်ပင်အိုကြီးဆီသို့ ထွက်လာခဲ့လိုက်သည်/Hyung! ကျွန်တော်ပါ ချန်ယောလ်.../
သူ့တွင် ပိုင်ဆိုင်သည်ဆိုလို့ ထိုဖုန်းတစ်လုံးသာကျန်တော့သည်/ချန်ယောလ်! Hyung တောင် ခုဖုန်းဆက်မလို့
နေရတာ အဆင်ရောပြေရဲ့လား/ဟင့်အင်း...သူလုံးဝအဆင်မပြေ..
အခု15နှစ်အသက်အရွယ်ထိလည်း တစ်ခါမှတစ်ယောက်ထဲ မနေဖူးတော့...
အဆင်ပြေအောင် မနည်းကြိုးစားနေနေရသည်/ပြေ..ပါတယ် Hyung/
Hyung ကိုဖုန်းဖြေရင်းနဲ့ ထိုညောင်ပင်အိုကြီးဆီမှ ဖြာထွက်နေသော အမြစ်တက်ကြီးတစ်ခုပေါ် ထိုင်ချလိုက်သည်/Hyung လည်း အချိန်ရရင် ချန်ယောလ်ဆီကိုလာ../
/ရတယ် Hyung!
ကျွန်တော်က အဆင်ပြေတယ်
Hyung ဟိုမှာသာ အဆင်ပြေအောင်..../Hyung ရဲ့စကားကို အမြန်ဖြတ်ပြောလိုက်ပေမဲ့...
သူ ဆက်ပြောမထွက်တော့...
လည်ချောင်းတွင် တစ်လှိုက်လှိုက်ခံစားလာရသော ဆို့နင့်မှု!
ဒီနယ်မြို့လေးထဲမှာ ဘယ်အချိန်ထိ သူ ပုန်းကွယ်ပီးနေထိုင်နေရမှာလဲ...
ဆိုလ်းကို ပြန်ချင်သည်
အရင်ကလို ပျော်ရွှင်ဖွယ်ကောင်းသော အချိန်များကို ပြန်လိုချင်သည်
