STAY [6]

1K 153 8
                                    

Scroll Down for Unicode Ver:

:Zawgyi Version:
/Appa သားသွားပီနော်/
ခါတိုင်းလိုပင် အဖေနှင့်ကျွန်တော်တွဲရိုက်ထားသောဓာတ်ပုံလေးအားနှုတ်ဆက်၍ အိမ်အပြင်ဘက်သို့ထွက်လာခဲ့လိုက်သည်

အေးလိုက်တာ~
နွေရာသီရောက်နေပီဖြစ်သော်လည်း နယ်မြို့လေးဖြစ်လို့ထင်သည်
မနက်ဆိုလျှင် နည်းနည်းမဆိုသလောက်လေး အေးသည်

/ဝုတ်....ဝုတ်/
ကျွန်တော်တို့လမ်းမှာနေသော ခွေးလေးနဲ့ပင် အတော်ရင်းနှီးနေပီဖြစ်သည်
ဒီမြို့ကိုပြောင်းလာခဲ့တာ အချိန်တစ်လတောင်ပြည့်တော့မည်မလား..
သူက ကျွန်တော့်ကို မြင်တော့ အမြီးလည်း တနှံနှံနဲ့ ကျွန်တော်နား ကပ်လာသည်

/လာ...လာ/
အသင့်ထည့်ယူလာခဲ့သော မနေ့က ကျွန်တော်ဝယ်လာခဲ့သည့် ပေါင်မုန့်လေးအား ချကျွေးလိုက်သည်
ကျွန်တော် သူ့အနားထိုင်ချ၍ ခေါင်းလေးကို ပွတ်ပေးနေလိုက်တော့....
သူက ကျွန်တော့်မျက်နှာကို လျှာနှင့် လျက်လာသည်..

/ဟာ...ဟေ့ကောင် မလုပ်နဲ့ ဟား....../
ဒီခွေးလေးက တော်တော်ချစ်ဖို့ကောင်းသည်
ရုတ်တရက် ကျွန်တော့်မျက်လုံးနှစ်ဖက်လုံးကို အနောက်ကနေ ဖုံးအုပ်လိုက်သော လက်အစုံ....
Hyung လား...Hyung နဲ့အဆက်အသွယ်မရတာ တစ်ပတ်တောင်ကျော်နေပီ

/Hyung?/

/Wow...ချန်ယောလ် မင်းမှာ Hyung ရှိတယ်လား/

ဂျောင်ဆူး?
ကျွန်တော့်အနောက်ဘက်ကိုခေါင်းငဲ့ကြည့်လိုက်တော့
ကျွန်တော့်ကိုပြုံးပြနေသော ဂျောင်ဆူး~
ကျွန်တော်တို့နှစ်ယောက်ရဲ့မျက်နှာက နီးကပ်လျက်..

/မင်း ဘာလာလုပ်တာလဲ/

/မင်းကို လာကူပေးမလို့လေ/
ကျွန်တော့်ကို နိုက်ခြိုက်စွာပြုံးပြလာသော ဒိုဂျောင်ဆူး...
ကျွန်တော် ခုမှသတိထားမိသည်
သူပြုံးလိုက်တိုင်း သူ့နှုတ်ခမ်းက အသည်းပုံလေေးဖြစ်ဩားတတ်သည်

/မင်း ငါ့အနောက်က မဖယ်ပေးတော့ဘူးလား/

/အဟမ်း!!! ဖယ်ပေးမှာပေါ့ မင်းကလည်း ဟီး../

STAYحيث تعيش القصص. اكتشف الآن