Scroll Down for Unicode Ver:
:Zawgyi Version:
/သားရေ!!!
အဆင်သင့်ဖြစ်ရင် အမေတို့သွားကြရအောင်/
အခန်းအပြင်မှ မေမေ့ရဲ့အော်သံကြောင့် မှန်ကိုနောက်ဆုံးအကြိမ်ကြည့်လိုက်ပြီး ဆံပင်ကိုအပေါ်သို့ သပ်တင်လိုက်သည်။
ဒီနေ့ အမွှာနှစ်ကောင် မွေးနေ့ပါတီမှာ ကျွန်တော်ဒိုဂျောင်ဆူးက ကြည့်ကောင်းနေရမည်လေ။ကျွန်တော်တို့ရောက်တော့ လူတွေတောင် သိပ်မရောက်သေးသလို။ ကျောင်းက တခြားသူငယ်ချင်းတွေလည်း တစ်ယောက်မှမမြင်မိသေး။
မြက်ခင်းစိမ်းလွင်လွင်ပေါ်တွင် ခင်းကျင်းထားသော စားပွဲခုံဖြူဖြူလေးများက ကျွန်တော့်မျက်စိတွင် အလွန်ပင် လိုက်ဖက်လွန်းနေသည်။
/ဟျောင့် ဂျောင်ဆူး!!!!!/
အမွှာနှစ်ကောင်က ကျွန်တော့်ကိုမြင်တော့ နာမည်ကြီးအော်လျက် ကျွန်တော့်ဆီပြေးလာကြသည်။/Happy Birthday 🎁 /
အသင့်ယူလာခဲ့သော မွေးနေ့လက်ဆောင်နှစ်ခုကို ကမ်းပေးလိုက်သည်။
/အမယ်!!! ဒီနေ့မှ အထူးအဆန်း ဒိုဂျောင်ဆူးတို့ကြည့်ကောင်းနေပါလား....
ဘာလဲ...ပတ်ချန်ယောလ်လည်း လာမှာမို့လို့လား/
ကျွန်တော်, ဂျုံဒယ်ကို ဘုကြည့် ကြည့်လိုက်သည်။
မဆိုင်တာတွေ!/မနာလိုဖြစ်နေတာလား ဂျုံဒယ်!/
ဂျုံအင်က ကျွန်တော့်ကို လာနောက်နေသော ဂျုံဒယ်ပခုံးကို အသာပုတ်လိုက်ပြီး...
/အန်တီတို့ရော/
/ဟိုမှာလေ..../
ဂျုံအင်က ကျွန်တော် ညွှန်ပြရာကို လှမ်းကြည့်လိုက်သည်။
/လူကြီးတွေက ခုတလောသိပ်မတွေ့ဖြစ်ကြဘူး ထင်တယ်/
ဂျုံအင် အပြောကို ခေါင်းညိမ့်ပြရင်း စကားပြောနေကြသည့် ကျွန်တော်တို့ရဲ့ မိဘတွေကိုကြည့်နေမိသည်။
အင်း....ကျွန်တော်လည်း မေမေတို့လိုမျိုး အသက်ကြီးသွားသည်အထိ ဂျုံအင်တို့နှင့်အတူရှိသွားချင်မိသည်။ပါတီပွဲက စနေပြီဖြစ်ပေမဲ့ ကျွန်တော့်စိတ်က ပါတီပွဲမှာရှိမနေ။
တံခါးပေါက်ဘက်ကိုပဲ အမြဲကြည့်နေမိလို့ အဖေတောင် မေးတဲ့အထိ!
ချန်ယောလ် ခုထိမရောက်သေး။
သူ လမ်းမှာတစ်ခုခုများဖြစ်နေလို့လား။
ဆိုလ်းကအပြန်မှာ သူ့ကိုကျွန်တော်သေချာ ဖိတ်ခဲ့သေးတာပဲ။
သူ မေ့များသွားတာလား....။
ထိုအတွေးက ကျွန်တော်ခေါင်းထဲဝင်လာချိန်
ဒေါသက ထွက်ချင်လာသည်။
သူ ကျွန်တော့်ကို တကယ်အလေးမထားတာပဲ။
မဟုတ်ဘူး...ကျွန်တော့်ကိုမှမဟုတ်ဘူး။
သူက ဘာဆိုဘာမှအလေးမထားတာ။
ကျွန်တော့်စိတ်တွေကလည်း ခုတလောသူနဲ့ပတ်သက်လာလျှင် ဘာတွေဖြစ်နေမှန်းကိုမသိ။
ပွဲမြန်မြန်ပြီးဖို့ကိုသာ ကျွန်တော်ထိုင်ဆုတောင်းနေမိတော့သည်။
သူက ကျွန်တော့်ကို အလေးမထားတာမှန်ပေမဲ့
သေချာတာကတော့....
ကျွန်တော် အလေးထားတဲ့ စာရင်းထဲ သူပါဝင်နေခဲ့ပြီဖြစ်သည်။
.
.
.
.
.
/ဒိုဂျောင်ဆူး!!!!!!/