Intro

3.4K 223 13
                                    

အဖိုး ဟန်​ နဲ့ အဖိုး ရှန်​ ဆိုတာအရမ်းရင်းနှီးကြတဲ့သူငယ်​ချင်း​တွေဖြစ်​တယ်​။
တစ်​​နေ့ နှစ်​သား ကျားကွက်​ ကစား​နေရင်းအဖိုး ဟန်​ကအဖိုးရှန်​ကိုစကားစလိုက်​တယ်​။

"ရှန်​ ​ရေငါတို့ရင်းနှီးလာတာလည်းကြာပြီ။
အဲ့​တော့ကား...ငါတို့နှစ်​အိမ့်​တစ်​အိမ်​​ပေါင်းလိုက်​ရင်​​ကော"

အဖိုးရှန်​ကစိတ်​ဝင်​စားသွားဟန်​ဖြင့်​​ခေါင်းကို​မော့လိုက်​သည်​။

"အဲ့​တော့ မင်းကဘယ်​လိုဖြစ်​​စေချင်​လဲ?​ပြောပါဦး"
"ဘယ်​လိုလုပ်​မလဲဆို​တော့..အင်း..ငါတို့သားသမီး ​တွေကလက်​ထပ်​ပြီးသွားကြပြီမလား?..ဒီလိုလုပ်​ကွာငါတို့​မြေး​တွေကိုလက်​ထပ်​​ပေးလိုက်​ရင်​​ကော?"

"မင်းကငါ့တို့​မြေးနှစ်​​ယောက်​ကိုလက်​ထပ်​​စေချင်​တာလား?"

အဖိုး ဟန်​ က​​ခေါင်းတငြိမ့်​ငြိမ့်​လုပ်​ရင်း
"ဒါ​ပေါ့..အဲ့တာဆိုငါတို့မိသားစုနှစ်​ခု​ပေါင်းစည်းပြီးသားဖြစ်​သွားပြီ​လေ"

အဖိုးရှန်​ကစဉ်းစားပြီးမှစိတ်​​လျှော့သွားဟန်​နှင့်​​ခေါင်းကိုတသွင်​သွင်
ခါလိုက်​သည်​။

"မဖြစ်​​သေးပါဘူးကွ..ငါတို့မိသားစုကဆင်းရဲတယ်​။
ပြီး​တော့မင်းသိတဲ့အတိုင်း​ငွေ​ရေး​ကြေး​ရေးကလည်းသိပ်​အဆင်​မ​ပြေဘူး​လေ
မင်း​မြေး​လေးနဲ့မဖြစ်​ပါဘူးကွာ"

အဖိုးဟန်​သူ့သူငယ်​ချင်းကိုအားမလိုအားမရတစ်​ချက်​ကြည့်​လိုက်​ရင်း
အဖိုးရှန်​ရဲ့​ဘေးမှာဝင်​ထိုင်​လိုက်​ရင်း..သူ့သူငယ်​ချင်းရဲ့ပုခုံနှစ်​ဖက်​ကိုအား​ပေး
သလိုဆုပ်​ကိုင်​လိုက်​သည်​။

"ပိုက်​ဆံကအ​ရေးမကြီးပါဘူးကွာ..ငါလိုချင်​တာကမင်းလိုစိတ်​ထား​ကောင်းပြီး
မင်းနဲ့တူတဲ့မင်း​မြေး​လေးကိုပါ"

အဖိုးရှန်​က​လေး​လေးနက်​နက်​စဉ်းစားဟန်ပြု​ပြီမှ
နှုတ်​ခမ်းကို​တွန့်​​ကွေးပြုံးလိုက်​ပြီး

"​ကောင်းပြီ​လေ..အဲ့တာဆိုမင်းနဲ့ငါနဲ့​သ​​ဘောတူလိုက်​ပြီ​နော်​"

Why Did I Fall In Love With U ❤Where stories live. Discover now