5

1.2K 174 20
                                    

ကျွန်​​တော့်​​ရှေ့မှာမြင်​​နေရတဲ့အ​ဆောက်​အဦးကြီးတစ်​ခုကိုမျက်​​တောင်​မခတ်​တမ်းကြည့်​​နေမိတယ်​။

"ရှန်​​ခေးစင့်​ ပါးစပ်​​လေးဘာ​လေးပိတ်​...သား​ရေ​လေးဘာ​လေးသုတ်​!
အဲ့​လောက်​လည်းအံသြစရာမ​ကောင်းဘဲနဲ့...အလကား​သောက်​ပို​တွေသိပ်​လုပ်​တာဘဲ"

အဲ့လူကြီးပါးစပ်​ကအ​ကောင်း​တွေမထွက်​နိုင်​ဘူးလားမသိဘူး

"ဒီမယ်​..ရှန်​​ခေးစင့်​..ငါကမင်းထက်​​လေးနှစ်​​တောင်​ကြီးတာ
မင်းငါ့ကို​ခေါ်မဲ့​ခေါ်..အစ်​ကိုတို့...Ge Ge တို့.ဘာတို့​ခေါ်ပါ့လား?"

\\သိပ်​​ခေါ်ချင်​စရာ​ကောင်းတဲ့အခွက်​ဆို​တော့\\

"မ​ခေါ်​တော့ဘာလုပ်​ချင်​လဲ..ဟန်​ဟန်​​လေးရဲ့
ငန်း​တော်​ကြား​လေး​လို့​ခေါ်ရင်​​ကော..မကြိုက်​ဘူးလား?.."

"ဂျပုစုတ်​..မင်း
အဖိုးနဲ့တိုင်​​ပြောပစ်​ဦးမယ်​"
"သ​ဘောဘဲ...ကြိုက်​သလိုသာလုပ်​...ကိုကဟန်​ဟန်​​လေးသ​ဘော..ဟဲ.ဟဲ"

ရှန်​​ခေးစင့်​မျက်​လုံးတစ်​ဖက်​မှိတ်​ပြီး​ပြောလိုက်​​တော့​လေးနက်​ဟန်​ခမျာထိုင်​ငို​တော့မဲ့မျက်​နှာ​လေးနဲ့...

"ဝက်​​ပေါက်​..ဂျပုစုတ်​မင်းကိုငါမ​ကျေဘူး..ဟွန့်​"

လေးနက်​ဟန်​ဘာမ​ပြောညာမ​ပြောအိမ်​ထဲ​ဝင်​သွား​တော့ရှန်​​ခေးစင့်​အ​နောက်​က​နေ
ပြေးလိုက်​ရ​လေသည်​။

အထဲကို​ရောက်​ပြန်​​တော့လည်းသူတစ်​ကြိမ်​အံသြမှင်​သက်​ရပြန်​သည်​။
အတွင်းပိုင်းကအပြင်​ဆင်​အားလုံးကိုအပြင်​ဘက်​ထုတ်​ချင်းမြင်​​အောင်
မှန်​​တွေနဲ့သာကာထားသည်​။
အပြင်​ဘက်​က နှင်းဆီပန်း​တွေ​ရေကူးကန်​နဲ့ညအလှဆင်​​ရေပန်း​တွေ​ကောမြင်​​နေရသည်​။

လေးနက်​ဟန်​တို့ချမ်းသာမှန်းသိ​ပေမဲ့အခုလိုကျိကျိတက်​ချမ်းသာမယ်​မှန်းမထင်​ဘူး။
\\အဲ့ဒါ​ကြောင့်​လည်းအခုလိုဘဝင်​မြင့်​​နေတာ​ပေါ့...ဟွင့်​..ဘဝင်​ရူးကြီး\\

ဧည့်​ခန်းအတွင်းဘက်​နံရံကိုခရမ်း​ရောင်​နဲ့ခရမ်း​ရောင်​အ​ဖျော့​ရေစပ်​သုတ်​ထားပြီး
အသုံးအ​ဆောင်​ပစ္စည်း​တွေကိုအဖြူ​ရောင်​နဲ့ခရမ်း​ရောင်​သုံးထားသည်​။

Why Did I Fall In Love With U ❤Where stories live. Discover now