12

2K 188 23
                                    

အနီးဆုံးလို့ထစ်​ထစ်​ချမှတ်​ယူခဲ့ရတဲ့သူက
အ​ဝေးဆုံးဖြစ်​​နေတဲ့အခါငါ့ရဲ့ယုံကြည်​မှု​တွေ​လျော့ရဲကုန်​တယ်​။

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

ဒီ​နေ့ကျွန်​​တော့်​​မွေး​နေ့..
အသက်​17နှစ်​ပြည့်​တဲ့​နေ့​လေး​ပေါ့။

စိတ်​လှုပ်​ရှား​နေမိတယ်​။အ​ကြောင်းက​တော့ ဟန်​ ကျွန်​​တော့်​အတွက်​ surprises ပြင်​ဆင်​ထာမှာကို​တွေးမိလို့..။

လူဆိုတာ​ပြောင်းလဲတတ်​သည်​တဲ့
သိပါတယ်​။...ကြားဖူးနားဝရှိသလို ၊ငြင်းပယ်​စရာအ​ကြောင်းလဲမရှိခဲ့။..ဒါနဲ့များ​တောင်​တကယ်​တမ်း​ပြောင်းလဲပီဆို လက်​ခံဖို့ခက်​ခဲပါ​သေးတယ်​။

အရင်​လိုမဟုတ်​​တော့ဘူးဆိုတဲ့စကားကိုကျွန်​​တော်​တစ်​​ယောက်​တည်းတိုးတိုး​လေး​ရေရွတ်​မိချိန်​မှာ...

က​ဗျာဆန်​ဆန်​မဟုတ်​ရင်​​တောင်​..ရင်​ကိုထိခတ်​​စေတဲ့စကား​တွေ​ပြော​လေ့ရှိတဲ့သူကကျွန်​​တော့်​နား​ယောင်​လို့ပင်​မသီ​တော့..။

မနက်​ 5 နာရီခွဲ...

"Ting !" Messageတစ်​​စောင်​ဝင်​လာခဲ့သည်​။

^ ​ပျော်​ရွှင်​စရာ​မွေး​နေ့​လေးဖြစ်​ပါ​စေ..​ဇေဇင်​ရှင်းသန့်​ ^
ကျွန်​​တော်​မ​မျှော်​လင့်​ထား​သောအတန်း​ဖော်​တစ်​​ယောက်​ဆီမှာသာပထမဆုံး​မွေး​နေ့ဆု​တောင်းစကား..

နံနက်​9နာရီ​ကျော်​လာတဲ့အထိ..သူ့ဆီကဘာဆိုဘာမှမ​ရောက်​လာ​သေး
\\သူ​ဒီထက်​ကြီးမားတဲ့surprises ပြင်​ဆင်​​နေတာဖြစ်​နိုင်​တယ်​\\လို့ကိုယ့်​ဘာသာကိုအားတင်းရင်း​နေခဲ့ရသည်​။

1:00 pm
လက်​ပတ်​နာရီက နာရီလက်​တံ​ကတစ်​နာရီတိတိရှိတာကိုညွှန်​ပြ​နေ​​လေပြီ။

သူကြိုက်​တဲ့အစိမ်း​ရောင်​ T-shirt တစ်​ထည်​နဲ့လိုက်​ဖက်​မဲ့​ဘောင်းဘီကိုဝတ်​ဆင်​ရင်းသူ့အိမ်​ထွက်​လာခဲ့မိသည်​။
သူ့အိမ်​မှာကျွန်​​တော်​မ​နေဖြစ်​​တော့..အခန်းသက်​သက်​မရှိတဲ့အပြင်​..သူတို့နှစ်​​ယောက်​ကြားမှာအနေအထိုင်​ကျပ်​တာ​ကြောင့်​လည်းပါမည်​။

Why Did I Fall In Love With U ❤Where stories live. Discover now