3

1.2K 174 9
                                    

တီ....တီ...တီ....​လေးနက်​ဟန်
အိမ်​​ရှေ့က​နေကားဟွန်းကိုဥသြဆွဲသလိုအဆက်​မပြတ်​တီး​နေသည်​။
ကျွန်​​တော်​ကလည်းကြာချင်​လို့ကြာတယ်​ထင်​​နေလား?

ပေါင်​မုန့်က​င်​ကိုပါးစပ်​ထဲသွတ်​ထည့်​ရင်းခပ်​မြန်​မြန်​​ပြေးလာလိုက်​သည်​။
အဲ့လူဂွစာကြီးဘာ​တွေ​လော​နေပြန်​ပြီလဲမသိဘူး။
ကိုယ့်​ကိုယ်​ကို အမွှမ်းတင်​တာ​တော့မဟုတ်​ပါဘူး
ကျွန်​​တော့်​လိုစိတ်​ထားဖြူစင်​တဲ့ဝက်​​ပေါက်​​လေးက🐷အဲ့လိုလူဂွစာနဲ့ဘာလို့ဖူးစာလာဆုံ​နေလဲမသိဘူး..။

မြားနတ်​​မောင်​ကလည်းမျက်​စိလည်​ပြီးကျွန်​​တော့်​ကိုပြီးပြီ​ရော..
နဲ့အဲ့ငန်း​တော်​ကြားလက်​ထဲအပ်​လိုက်​လားမသိဘူး

ကမ္ဘာပျက်​တာကျ​နေတာဘဲ...ဟွန်းကိုတီး​နေလိုက်​တာ
ကျွန်​​တော့်​ကိုလည်းမြင်​​ရောဘုကလန့်​ကြည့်​ပြီး

"ဘာ​တွေအဲ့​လောက်​​တောင်​ကြာ​နေတာလဲ!!ဘာလဲ?မိတ်​ကပ်​​တွေဘာ​တွေ​ကောပြင်​​နေ​သေးတာလား?"
"ဒီမှာ..မီနစ်​ပိုင်း​လောက်​​တောင်​မ​စောင့်​နိုင်​ဘူးလားလူဂွစာကြီး...
နည်းနည်း​လေး​စောင့်​လိုက်​​တော့​ကောအင့်​ခနဲလဲ​သေသွားမှာမို့လဲ"

ရှန်​​ခေးစင့်​​ကျောင်းလွယ်​အိတ်​ကိုပိုက်​ပြီး​လေးနက်​ဟန်​​ဘေးမှာဝင်​ထိုင်​လိုက်​သည်​။

"ကားထွက်​​တော့မယ်​..ခါးပတ်​ပတ်​ထား..ငါကညင်​ညင်​သာသာ​မောင်းတတ်​တဲ့လူမဟုတ်​ဘူး..​တော်​ကြာမင်း​သေရင်​ရဲ​တွေငါ့ကိုစစ်​လား..ဘာလား​မေး​နေဦးမယ်​စိတ်​ရှုပ်​တယ်​"

"Chu zhù (stupid pig)"
"ဘာ​ပြောလိုက်​တယ်​ "
"ဘာမှမ​ပြောဘူး..ကားကို​သေချာ​မောင်း..အာရုံမများနဲ့"

Yo..yoအဲ့တာ​လည်း​ကောင်းတာဘဲ..
မ​ကျေနပ်​ရင်​သူ့ကိုတရုတ်​လိုဖဲ့လို့ရတယ်​..သူမှနားမလည်​တာ​အေး​ရော
အလားကားလူကြီး..BlahBlah....

ကျောင်းနား​ရောက်​​တော့ ရှန်​​ခေးစင့်​ ကမလှမ်းမကမ်း​နေရာမှာကားကိုရပ်​ခိုင်းသည်​။
"ဘာလုပ်​ဦးမို့လဲ"

Why Did I Fall In Love With U ❤Where stories live. Discover now