6

1.3K 177 12
                                    

Alram ဆီကစိတ်​ညစ်​ညူးဖွယ်​ရာတတီတီ​အော်​သံ​ကြောင့်​မမှီတမှီAlramကို​ဆောင့်​ပိတ်​လိုက်​ရင်းနာရီတဖြည်းဖြည်းယူကြည့်​လိုက်​​တော့ 7:00 ရီ​တောင်​ရှိပြီ။
မဖြစ်​ဘူး...သူတို့ဒီ​နေ့​ကျောင်းရှိတယ်​..။

အစတုန်းကစာသင်​ရတာလွှတ်​ပြီး..ကြုံးဝါး​ကြွေး​ကြော်​ခဲ့တဲ့ကိုယ့်​ပါးစပ်​ကိုဖျက်​ခနဲပိတ်​ရိုက်​ချင်​မိသည်​။မေ​မေ က ရှန်​​ခေးစင့်​ ကိုစိတ်​မချလို့ Master ဘွဲ့ဆက်​တက်​​ပေးပါတဲ့..။

compayအလုပ်​ကတစ်​ဖက်​...​ကျောင်းစာကတစ်​ဖက်​​တွေးတိုင်း​သောက်​သည်း​ပေါက်​တယ်​..။စာ​မေးပွဲ​တွေရှိလာရင်​မတတ်​နိုင်​ဘူး..ခိုးချရမှာဘဲ

"ဟိုတရုတ်​ဂျပုငါ့ကိုလာမနိုးဘူး​ပေါ့​လေ...​တွေမှ​မြေကြီးထဲဝင်​​အောင်​​ဆောင့်​ကန်​လိုက်​မယ်​"

လေးနက်​ဟန်​အိပ်​ရာ​ပေါ်ကသုတ်​သီးသုတ်​ဖျာထကာ
ရေချိုးခန်းထဲဝင်​ပြီးကိုယ်​လက်​သန့်​စင်​လိုက်​သည်​။

ပြီးမှဗီရိုထဲက​နေသင့်​​တော်​မဲ့အကျီတစ်​ထည်​ယူဝတ်​လိုက်​သည်​။
သူအကျီဝတ်​ပြီးမှန်​​တောင်​မကြည့်​ဘဲအိတ်​ကိုဆွဲကာအပြင်​ထွက်​လာလိုက်​သည်​။
မှန်​ကြည့်​စရာမလိုဆိုသူ့ကိုသူဘယ်​​လောက်​​ချောမှန်းသိ​နေတယ်​​လေ..Hak

အပြင်​​ရောက်​​တော့ ရှန်​​ခေးစင့်​ ဆိုတဲ့အ​ကောင်​​သေး​သေး​လေးက​စောင်​ထဲမှာမြုံလို့
ဖင်​ဘူး​ထောင်​ကာစက်​​တော်​​ခေါ်​နေ​လေရဲ့...အဲ့ဖင်​လုံးလုံး​လေးကို​ဆောင့်​ကန်​လိုက်​ရ..သူ့ရဲ့ဆံပင်​ထူထူ​လေး​တွေကလည်း..ငှက်​သိုက်​လိုပွစာကြဲလို့

"ရှန်​​ခေးစင့်​..မင်းဟာ​လေအိပ်​​နေတဲ့အချိန်​ဆိုအပြစ်​အကင်းဆုံးနဲ့ချစ်​ဖို့အ​ကောင်းဆုံးဘဲနိုးတဲ့အခါ​တွေဆိုအပြစ်​ကင်း​ပေမဲ့..ချစ်​ဖို့မ​ကောင်းဘူး..စကား​ပြောတဲ့အချိန်​ဆိုပိုဆိုး​သေး"

ရှန်​​ခေးစင့်​ကသူ့ဆံပင်​ကိုင်​ရင်​မကြိုက်​ဘူးဆိုတာသိလို့
ဆံပင်​ကိုဆွဲဖွကာနိုးလိုက်​သည်​။

"Yahh...ရှန်​​ခေးစင့်​!"
တုတ်​တုတ်​​တောင်​မလှုပ်​...အင်း​ပေါ့​လေ ​လေးနက်​ဟန်​ဆိုတာကလည်းအိ​ညောင်​အိ​ညောင်​အသံနဲ့အသံသြဇာ​ကောင်းသူဆို​တော့

Why Did I Fall In Love With U ❤Where stories live. Discover now