1

2K 266 35
                                    

အဲ့တာ​ကြောင့်​သား ​လေးနက်​ဟန်​ ကိုလက်​ထပ်​ရမယ်​"

မာမားရဲ့​ပြောစကား​ကြောင့်​ ရှန်​ ထိုင်​ခုံ​ပေါ်မှီချပြီးသက်​ပြင်းချမိသည်​။
သူအသက်​ငယ်​ငယ်​ရွယ်​ရွယ်​နဲ့အိမ်​​ထောင်​တစ်​ခုကိုမထူ​ထောင်​ချင်​​သေးပါ
ဒါ​ပေမဲ့mamaကအတင်းကြီး>-<
ရည်းစား​တောင်​မထားဖူးတဲ့ကိုယ့်​သားနုနုထွတ်​ထွတ်​​လေးကို​ရော့..အင့်​ဆိုပြီး
တော့လင်​​ပေးစား​နေကြတာ။

"Maကလည်းသားကငယ်​ငယ်​​လေးဘဲရှိ​သေးတဲ့ဟာကို"

"ရှန်​..သူ့အဖိုးအ​ခြေအ​နေက​နေ့လားညလားမသိတဲ့အ​ခြေအ​နေဖြစ်​​နေပြီ။
အဖိုးကသူတစ်​ခုခုမဖြစ်​ခင်​သားတို့နှစ်​​ယောက်​လက်​ထပ်​တာကိုမြင်​ချင်​တယ်​တဲ့
သားလည်း..သားအဖိုးမဆုံးခင်​ကလက်​ထပ်​မယ်​လို့ကတိ​ပေးထားပီးသားဘဲ
လူကြီး​တွေစိတ်​မ​ဖြောင့်​​အောင်​​နေ့​ရွေ့ည​ရွေ့မလုပ်​ချင်​စမ်းပါနဲ့သားရယ်​"

"Mamaကလည်းသားအဲ့တုန်းကအဲ့​လောက်​ထိမြန်​မယ်​လို့မှမထင်​ထားတာ"
သူmamaမျက်​နှာကိုကြည့်​လိုက်​​တော့အတန်​ငယ်​ညိုးကျ​နေသည်​။
သူဆိုတာကလည်းmamaကိုစိတ်​မဆင်းရဲ​စေချင်​တဲ့သူမို့လား..
သက်​ပြင်းအရှည်​ကြီးချပြီး..မျက်​လုံးစုံမှိတ်​ကာ

"​ကောင်းပြီ​လေ..ကျွန်​​တော်​လက်​ခံပါတယ်​"
Mamaမျက်​နှာကလည်းသူ​ပြောလိုက်​တဲ့ခဏအတွင်းပြုံးရွှင်​သွားတာကိုသတိထားမိလိုက်​တယ်​။

"Mamaရဲ့သား​လေးကလိမ္မာလိုက်​တာ...ma​ပြောရဲတယ်​အဲ့​ကောင်​​လေးကအရမ်း​ချောမယ်​ဆိုတာ"

"သူ​ချော​ချောမ​ချော​ချောအ​ရေးမကြီးပါဘူး"
Maကပြုံးလိုက်​ပြီးရှန်​ ရဲ့ဆံပင်​​လေးကိုခပ်​ဖွဖွ​လေးသပ်​​ပေးလိုက်​သည်​။
"အင်းပါ..သားရယ်​​နောက်​ကျ​နေပြီအိပ်​​တော့"

Maက​တော့နဖူး​ပေါ်အနမ်းတချက်​​ပေးပြီးထွက်​သွားသည်​။
ရှန်​ ဖူးကနဲမှုတ်​ထုတ်​လိုက်​ပြီးအိပ်​ယာ​ပေါ်ပစ်​လှဲလိုက်​သည်​။
မျက်​နှာကျက်​ကိုသာ​တွေ​တွေကြည့်​ရင်းသူ၏​ရှေ့ဆက်​ရမဲ့လမ်းကိုဆက်​စဉ်းစား​နေမိသည်​။

Why Did I Fall In Love With U ❤Where stories live. Discover now