>>အချစ်ကငရဲပြည်မှာနေတယ် 😊😇😌<<*******************************
''အား...ယိုးယိုး.... ပျင်းလိုက်တာ... အီး....''
ပလ္လင်ပေါ်ထိုင်နေလျက်မှ အညောင်းဆန့်ချင်စိတ်ကို မနည်းထိန်းနေရပါသော
သိကြားမင်း Chanyeol....နတ်သဘင်အစည်းအဝေးမို့
တာဝတိံသာက နတ်မင်းကြီးများရှေ့ဝယ်
ဣနြေ္ဒဆည်နေရသည်မှာ သိပ်တော့ အဆင်မပြေလှ......နေ့စဉ်ရက်ဆက် ထပ်နေသော အကြောင်းအရာကိုပင် အထူးအဆန်းသဖွယ်ပြုကာ
အစည်းအဝေးလုပ်နေရသေးသည်.....'. တာဝတိံသာ နတ်ပြည်ကြီးဟာဆိုရင်ဖြင့် သိပ်ကိုလှပဆန်းကြယ် ခမ်းနားလွန်းပေသည်...ဆိုတော့ကာ... ဒိအလှအပတွေနဲ့အပြိုင် နတ်ပြည်ကြီးဟာ စည်ကားနေမှ တော်ကာကျလိမ့်မပေါ့.... တစ်ဦးတည်းအပိုင်မယူဘဲ မျှဝေခံစားခြင်းဟာ ကောင်းခြင်းတစ်မျိုးပေမို့..........''
''ကဲကဲ... ရပြီ... အကြံပေးနတ်မင်းကြီး Suho...
ပြောချင်တာက အရင်နေ့တွေကလိုပဲ.. နတ်ပြည်ကို လူတွေများများရောက်လာဖို့.... ကောင်းမှုကုသိုလ်ပြုအောင် တိုက်တွန်းဖို့မဟုတ်လား...ကျုပ်သိပြီ....''''မှန်လှပါ အရှင်သိကြားမင်း ''
''အိမ်း... သိပြီမို့.. ဒီကိစ္စ ကျုပ်စဉ်းစားထားမယ်... တာဝတိံသာ meeting ကို ဒီမှာတင်ရပ်ကြစို့...ကဲကဲ... ပြန်ကြတော့...''
ဤကဲ့သို့ မောင်းထုတ်ပြီးနောက် အလျိုလျိုပြန်သွားကြသော နတ်မင်းကြိးတွေကို မေးထောက်ပြီးသာကြည့်နေမိလိုက်သည်.....
ခြေမျက်စိထိဖုံးသော ဂါဝန်ရှည်ကြီးတွေကို မ ကာ မကာ သွားနေပုံကိုကြည့်ကာ ကျွန်တော်သိကြားမှာ စုတ်တသပ်သပ်.....
အဲ့ဒါတွေကြောင့် အမြဲ အောက်ကဘောင်းဘီရှည်ခံဝတ်တာ.....
တွေးနေရင်းပင် ပလ္လင်ပေါ်မှ ဝှီးခနဲ ခုန်ဆင်းလိုက်သည်....
လေအဝှေ့မှာ ဂါဝန်လေးက ဖလီးဖလီး နဲ့... 😇
YOU ARE READING
ကျွန်တော်Parkသိကြား နှင့် ချစ်လှစွာသောBabyယမ
Fanfictionမသိဘူး.. ငရဲမင်းကိုချစ်တယ် ?? EaintPhyu7's 5th creation