''ပြန်သုံးသပ်ပေးတော်မူပါ သိကြားမင်းကြီး.. ''''မရဘူး... သေဒဏ်ပဲ.... ''
''သိကြားမင်းကြီး... အပြစ်ဒဏ်ကများလွန်းပါတယ် ဘုရား... ပြန်ဆင်ခြင်ပေးတော်မူပါ... ''
အခြေအနေကို လေ့လာမည်ဆိုလျှင်
တစ်ဖက်၌
ညီလာခံ ခန်းမထဲက ကြမ်းပြင်ပေါ်တွင်
ဝပ်တွားခယကာ တောင်းပန်နေကြသော
တာဝတိံသာနတ်မင်းကြီးများ
ကို မြင်ရမည်ဖြစ်ပြီးအခြားတစ်ဖက်တွင်တော့
ခေါင်းမော့ ရင်ကော့
ခါးထောက်ကာ
စိတ်ကြီးအလီလီဝင်နေသော မျက်နှာပေးဖြင့်
ပုလ္လင်ထက်ဝယ် တင်ပလ္လင်ခွေထိုင်နေသော
သိကြားမင်း Park Chanyeolကိုမြင်ရမည်ဖြစ်သည်....''ဘာရယ်...ပြစ်ဒဏ်က များတယ် ဟုတ်လား..
နတ်တို့သနှင်း သိကြားမင်းကို
ခွေးချေးကျွေးတာကရော မလွန်ဘူးလား.. ဟမ်.. ''ခါးကြီးထောက် မျက်မှောင်ကြီးကျုံ့ပြီး
မကျေနပ်ချက်တွေကို ပြောလာတဲ့ Chanyeol..Chanyeolရှေ့တည့်တည့်
ကြမ်းပြင်ပေါ်တွင် မတ်တပ်ရပ်နေသော
Sehun မှာတော့ ဒူးတွေတုန်နေပြီဖြစ်သည်...ကြောက်၍တော့ မဟုတ်..
သေးပေါက်ချင်၍သာ...ဗိမာန်တော်က ထွက်လာတုန်းက
မပေါက်ခဲ့ရသဖြင့် ယခုမူ မိမိ၏ရွှေပြွန်မှာ
ရေသွန်ချင်နေပြီဖြစ်သည်...Sehun ဒူးနှစ်ဖက်ကို ယှက်ကာ ခြေလိမ်ထားသည်.....
''Chanyeol အဲ.. သိကြားမင်းရယ်..
ဒါက ကျွန်တော်ကျွေးတာမှမဟုတ်ဘဲ..
သိကြားမင်းဘာသာ ငတ် အဲ.. ဆာလောင်ပြီး ယူစား..စား... ''ပေါင်ကိုလိမ်ထားရင်းမှ
လက်ဟန်ခြေဟန်နဲ့ ဖြစ်စဉ်ကို ရှင်းပြနေသော sehun...ရှင်းပြရခြင်း အကြောင်းမှာ..
မလှမ်းမကမ်းမှာ ရှိနေတဲ့ ချစ်ရပါသော
ပေပီလုဟန် လေး အထင်မလွဲစေလို၍သာဖြစ်သည် ...
CITEȘTI
ကျွန်တော်Parkသိကြား နှင့် ချစ်လှစွာသောBabyယမ
Fanfictionမသိဘူး.. ငရဲမင်းကိုချစ်တယ် ?? EaintPhyu7's 5th creation