ဘုတ် ..!!''အင့်... ''
''အွတ် ''
ကျောပြင်နဲ့ထိကပ်သွားတဲ့ အထိအတွေ့ကြောင့်
သူတို့ လူ့ပြည်ရောက်လာပြီမှန်း သိလိုက်သည်..ခုန်ချလာတုန်းက လက်တွဲပြီး ခုန်ဆင်းလာပေမယ့် မြေပြင်ပေါ်ကို
အခုလို ခွေးကျဝက်ကျ ကျမယ်မထင်ထားခဲ့..တရုတ်သိုင်းကားတွေထဲကလို ငြင်ငြင်သာသာလေး ကျမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးသည် 😩
အဆိုးထဲက အကောင်းလို့ ပြောရမည်..
လက်တွဲပြီးခုန်ဆင်းလာပေမယ့်
အခုတော့ Byun Baekhyun လေးက ကိုယ့်ခန္ဓာကိုယ်ပေါ် ထပ်လျက်ကလေး ကျလာသည်..သိကြားမင်းရဲ့ ရင်ခွင်ထဲ မှောက်လျက်ကလေး ထပ်နေတဲ့ ငရဲမင်းပုစိလေး..
အဟိ.. ချစ်စရာလေး . ကိုက်ချင်လာပြီ...
''ဟေ့လူတွေ.. ဘာလုပ်တာလဲ .. ဆင်း.. အခုဆင်း.. ''
သာယာနေသော ကမ္ဘာလေးကို ဖျက်လိုဖျက်ဆီးလုပ်လာသော အရာက ထိုလူသား၏
အသံဆိုး..ဘယ့်နှယ်.. သူများကြည်နူးနေတာကို..
မဖယ်ဘူးဟာ.. သူဖယ်ခိုင်းတိုင်းဖယ်ရအောင် သူကဘာမို့လဲ.. သိကြားမင်းကိုများ လာပြီးတော့.. 😏
''ဟာ.. ဟေ့လူတွေ ဖယ်လို့ပြောနေတယ်လေ.. ''
အသံက စောနကထက်ပိုကျယ်လာသည်..
လူကလည်း တစ်စတစ်စပိုများလာသည်...
ရင်ဘတ်ပေါ်မှောက်လျက်လေး မေ့နေသော
ယမ မင်းလေးကလည်း လှုပ်စိလှုပ်စိဖြစ်လာသည်...''သေနေကြတာလား !! ''
''ဟ... ဘယ်လိုတွေအော်နေကြတာလဲ.. ငါ.. တယ်လေ... ငါ့တုတ်နဲ့ တွေ့ချလို့လား 😏''
ငါကွ..
ဒီလိုလာကြောလို့ဘယ်ရမလဲ.. ဟင်းဟင်း..
မင်းတို့အော်တာထက် နှစ်ဆပိုပြဲအောင် အော်နိုင်တယ်..
YOU ARE READING
ကျွန်တော်Parkသိကြား နှင့် ချစ်လှစွာသောBabyယမ
Fanfictionမသိဘူး.. ငရဲမင်းကိုချစ်တယ် ?? EaintPhyu7's 5th creation