အချစ်နဲ့သာအတူနေရမယ်ဆိုရင်.......
ထမင်းချက်ကျွေးဆိုရင်လည်း ချက်ကျွေးပါ့မယ်..😢°°°°°°°°°°°°°°°°°°°°°°°
''အား..ယိုး....ပူလိုက်တာ...''
အိမ်ရှေ့ ကွပ်ပျစ်မှာ ဒူးထောင်ပေါင်ကားထိုင်ရင်း
ယပ်တောင်တဖျတ်ဖျတ်ခတ်နေတဲ့ သိကြားမင်း..ဝတ်ထားတဲ့ ပုဆိုးက ဒူးအပေါ်ထိလိပ်တင်နေသောကြောင့် ဖြူဥဥ ခြေထောက်လေးတို့က အထင်းသား....
ပုဆိုးနဲ့အတူ လိုက်ဖက်စွာတွဲဖက်ဝတ်ဆင်ထားသော စွပ်ကျယ်ချိုင်းပြတ်မှာလည်း ချွေးတွေစို့လို့.....
''Chan... ရော့ ..ဒီမှာသံပုရာရည်အေးအေးလေး..''
ရွှတ်...
အနားရောက်လာကာ သံပုရာရည်တစ်ခွက်ချပေးရင်း ကိုယ့်ပါးကိုရွှတ်ခနဲနမ်းသွားသော
ယမမင်းပုစိ...မဲ့ရှုံ့နေသော မျက်နှာက ချက်ချင်းပင်
ပြုံးဖြီးဖြီးကြီးဖြစ်လာသည်..သူများတွေပြောတဲ့စကားအရ မှိုရတဲ့မျက်နှာဆိုလားဘာဆိုလားပေါ့... 😊
သံပုရာရည်ခွက်ကို ကိုင်ပြီး မော့ချလိုက်တော့...
အား.... ရင်ထဲအေးသွားတာပဲ...
''ကောင်းလိုက်တာ Babyရယ်... အေးနေတာပဲ..''
''ငါ့အချစ်တွေထည့်ဖျော်ထားတာကိုး.. အသည်းလေးရဲ့.. ''
မျက်နှာပေါ်က ချွေးတွေကို တစ်သျှူးလေးနဲ့ လှမ်းသုတ်ပေးနေရင်း ပြုံးပြုံးလေးပြန်ဖြေတဲ့ သူ့စကားအဆုံး
ကျွန်တော် park သိကြား ဒုတိယအကြိမ် မှိုရသွားပြန်တယ်...အိ.... အသည်းယားလိုက်တာ....
''ဒါနဲ့ Chan.. ဒီနေ့ ဆိုက်ကားနင်းရတာ အဆင်ပြေရဲ့လား.. ''
သောက်လက်စ သံပုရာရည်ခွက်ကို ဘေးချလိုက်သည်...
ပုဆိုးကို အနည်းငယ်ပြင်ဝတ်ကာ
ကြိုက်နှစ်သက်လှစွာသော စွပ်ကျယ်ဖြူညစ်ညစ်ကို သပ်ချလိုက်သည်....
YOU ARE READING
ကျွန်တော်Parkသိကြား နှင့် ချစ်လှစွာသောBabyယမ
Fanfictionမသိဘူး.. ငရဲမင်းကိုချစ်တယ် ?? EaintPhyu7's 5th creation