~ 3 ~

6.7K 922 292
                                    


အို... အသင်​လူသားတို့ ....

Crushခံရတယ်​ဆိုတိုင်း.... နှစ်​​ပေါင်းများစွာ
မူးလို့်​... အဲ... မူလို့ရပါသလား... ​ဖြေပါ...

(100 မှတ်​ )

Feeling >> sad😢

***************:*******************

''ရပ်​စမ်း... ဘယ်​သူ​တွေလဲ.. ဘာကိစ္စလဲ
ဘယ်​သူနဲ့​တွေ့ချင်​လို့လဲ ''

ငရဲပြည်​ဂိတ်​​ပေါက်​ကို ​ရောက်​တာနဲ့
အ​ပေါက်​​စောင့်​နှစ်​​​ယောက်​၏ ရန်​​တွေ့ခြင်းကိုခံရ၏......

''တာဝတိံသာကလာတာ.. မင်းတို့ယမမင်းနဲ့​တွေ့ချင်​လို့..''

ဆိုလဲဆို​ရော....

ဝါး..... ခနဲထရယ်​​သော
အနှီငရဲသားနှစ်​​ကောင်​....

ရယ်​တာ​တောင်​ ရိုးရိုး မ ရယ်​...
လက်​ထဲကိုင်​ထားတဲ့ ခက်​ရင်းကြီးကို လှုပ်​ယမ်းပြီးရယ်​​နေ​တော့ ကိုယ်​​တွေမှာ
ခက်​ရင်း​တွေနဲ့မထိုးမိ​အောင်​ ​ရှောင်​​နေရ​သေးတယ်​....

''တာဝတိံသာ... ဟားဟား...
ခင်​​ဗျားတို့ တာဝတိံသာက​နေ မီး​ဘေးသင့်​လာတာလား... ''

ခွက်​ထိုးခွက်​လှန်​ရယ်​​နေလိုက်​တာများ...

ငါ​နော်​.. စိတ်​ရှိတိုင်းသာဆို..
မ​လေးမစားလုပ်​ဦးဟယ်​ဆိုပြီး
ခေါင်း​ပေါ်ကချို​တွေကို တက်​ချိုးပစ်​ချင်​တာ..

သူများနယ်​နိမိတ်​ထဲ​ရောက်​​နေလို့သာ.. 😩

မ​တော်​တဆ ကိုယ့်​baby ယမ​လေးသိသွားရင်​ဖြင့်
ငရဲပြည်​မှာ လာ​သောင်းကျန်းရလား ဆိုပြီး
ရွှေစိတ်​​တော်​ငြိုငြင်​သွားမှာစိုးတာ​ကြောင့်​...
😰😰😰

စိတ်​​လျှော့ Chanyeol​လေး...
ငရဲပြည်​မှာ သိကြားမင်းလည်း
ဘောင်​မဝင်​ဘူး 😫

''ကဲ.. မယုံလည်းဒီမှာကြည့်​.. ID card..''

လည်​ပင်းမှာ ချိတ်​ထားတဲ့ ID card​တွေကို ပြလိုက်​​တော့မှ
အရယ်​ရပ်​ပြီး တံခါးဖွင့်​​ပေးရှာတယ်​...

ဒါ​တောင်​မှ
<​နောက်​တစ်​ခါလာရင်​ အိုးမဲသုတ်​မလာနဲ့..
Smartကျကျ maskပဲတပ်​ခဲ့တဲ့...
ငရဲပြည်​မှာဆို maskပဲသုံးတယ်​.. ​​တောဆန်​ဆန်​ အိုးမဲမသုံးဘူး > ဆိုပဲ......

ကျွန်​​တော်​Parkသိကြား နှင့်​ ချစ်​လှစွာ​သောBabyယမWhere stories live. Discover now