''Do Kyung Soo.. ''''ကျွန်တော် Do Kyung Sooမဟုတ်ပါဘူးခင်ဗျာ... ''
''ဟဟ.. ငါ့လာလိမ်ချင်သေး...
ငါ့ဝန်ထမ်းကို ငါမမှတ်မိစရာလား..
ပြောစမ်း.. ဘာကိစ္စဒီကိုရောက်လာတာလဲ..
တာဝတိံသာ သန်းခေါင်စာရင်းကောက်ဖို့ကိစ္စခိုင်းထားတာပြီးပြီလား... ''''လူမှားနေပါတယ်ခင်ဗျာ... ''
မျက်မှောင်ကြီးကျုံ့ကာ
Do Kyung Soo ဟု တစ်Sooတည်းSooနေသော Jongin...သူ့ရှေ့တွင်တော့
ဘဲကင်ဗန်းကြီးကိုင်ကာ တောင့်တောင့်ကြီးရပ်၍
လူမှားနေကြောင်းပြောနေသော Do D.O.''အဟော်.. ဒီလောက်တောင်သိသာနေတာကိုလာလိမ်ချင်နေသေးတယ်... ''
စိတ်မရှည်တော့ဟန်နဲ့
လက်ပိုက်ပြီး ပြောလာတဲ့ Jongin...D.O. သက်ပြင်းတစ်ချက်ချပြီး
ထိုနတ်အရာရှိရှေ့က ထွက်လာဖို့လုပ်သည်..သို့သော်
Jonginက သူ့အင်္ကျီဂုတ်ကို ဆွဲထားသောကြောင့်
လမ်းလျှောက်နေတဲ့ D.O.မှာ တုံ့ခနဲရပ်သွားရသည်....အဟား...
ဘာလဲဟ... ဒီကောင်က...Do D.O. စိတ်လျှော့စမ်း....
ငရဲမင်းရဲ့သူငယ်ချင်း...
အင်း... ငရဲမင်းသူငယ်ချင်း...စိတ်လျှော့.....
အားတင်းပြီး တစ်ချက်ပြုံးလိုက်သည်..
ထို့နောက် မူလအတိုင်း မရယ်မပြုံးမျက်နှာဖြင့် နောက်လှည့်ကာ Jongin ဆီလှမ်းသွားလိုက်သည်....
''ဒိကလူကြီးမင်း... လူမှားနေပါတယ်ခင်ဗျာ..
ကျွန်တော်က Do......''''အဟော်... တွေ့လား... လိမ်တာတောင်မပိရိဘူး.. Do...... Do Kyung Soo လို့ပြောမိတော့မလို့မဟုတ်လား.. ဟားဟား.. ငါ့ကိုလာဘတ်လို့မရဘူး.. ဂျပုလုံးကောင်ရဲ့..
ဒိမှာကြည့်စမ်း... ဒီကတုံးရယ်... ဒီမျက်လုံးပြူးပြူးရယ်.. ဒီ..လက်တောက်လောက်အရပ်ရယ်..
အဟင်း.. ဘယ်နေရာမှ မှားစရာမရှိဘူး ငုံးဥကောင်ရဲ့... 😎 ''
YOU ARE READING
ကျွန်တော်Parkသိကြား နှင့် ချစ်လှစွာသောBabyယမ
Fanfictionမသိဘူး.. ငရဲမင်းကိုချစ်တယ် ?? EaintPhyu7's 5th creation