သူခင်းသောလမ်း
အပိုင်း(၆)
#သူခင်းသောလမ်း
"ဟဲ့..နင် တစ်နေကုန် အိပ်နေတာ အိပ်ရေး မ၀သေးဘူးလား..."
"ဟင်.."
မျက်လုံး မဖွင့်ပဲ ဟင်လိုက် အင်းလိုက်နဲ့..
သူ့ ဖုန်းက မြည်လာတော့ ဒီဒီ ကောက်ကိုင်လိုက်သည်..။
"ဟလို.."
"မိဒီဒီ..."
"မာမီ..အဟဲ နေကောင်းလား..ဒီဒီ ဒီနေ့ ဘယ်မှ သွားပါဘူး.."
"ယုံစရာလား..ဂျွန်ဖုန်းကို မသိအောင် ယူလာတာ မလား.."
"ဟာ..မဟုတ်ပါဘူး..မာမီရယ်..ဂျွန် အိပ်နေတယ်.."
'မယုံဘူး.."မာမီတို့က ဒီဒီ ဆို အထင်သေးလွန်းပါသည်..။
"ရော့ မာမီ..ဖုန်း.."
"ဟလို.."
"အယ်..ဂျွန်..သား..အသံတွေ ပြောင်းနေပါလား..ဘာဖြစ်လို့လည်းသား.."
"ဂျွန်..ချမ်းလို့ အိပ်ပဲ အိပ်ချင်နေတယ်.ေ.ခါင်းကလည်း ထိုးကိုက်သေးတယ်.."
"ဟယ်..ဖျားတာလား..ရေချိုးတာ ကြာသွားလို့ ဖြစ်မယ်...သား ဆေးသောက်ထားလား.."
"မနက်ကတည်းက ဘာမှ တောင် စားရဘူး.."
"ဟဲ့ အဲဒါ ပြောစရာ မလိုဘူးလေ.."ဒီဒီ ဟန့်လိုက်ပေမဲ့ ဂျွန်က ဆက်ပြောတုန်း..
ပြီးတော့ ဒီဒီ ကို ဖုန်းလှမ်းပေးသည်..။
"ဟလို.."
"ဒီဒီ..ဂျွန်စားဖို့ တစ်ခုခု လုပ်ပေးလိုက်..ပြီးရင် မီးဖိုခန်းက ဘီဒိုထဲမှာ ဆေးဗူးရှိတယ်..လိမ္မော်ရောင်ဗူးထဲက ဆေး တစ်လုံးတိုက်လိုက်..ဟဲ့ ငါပြောတာကြားလား.."
ESTÁS LEYENDO
သူခင်းသောလမ်း (Complete)
Romance"နင်ကလေ..ငယ်ငယ်က သောက်မြင်ကပ်ဖို့ပဲကောင်းတာ အခု ရွံ ဖို့ပါ ကောင်းလာပြီ.." ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ "ဒါကတော့ တန်ဖိုး ရှိတဲ့ အရာတွေကို သာမန် မျက်စိ နဲ့ မမြင်ရဘူးလေ..." ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ လူတွေက အမြင့်ပန်းကို နှစ်သက်ပေမဲ့ အမြင့်ပန်း...