Part 22

1.4K 82 5
                                        



သူခင်းသောလမ်း

အပိုင်း(၂၂)

#သူခင်းသောလမ်း

"ဂျွန်..."

"ဘာလည်း.."

အသံက မာနေတော့ ဆက်ပြောရကောင်းမလားတွေးရင်း..

"ပြောလေ..."

"အမ်း..ငါ မွေးနေ့ပွဲ တက်ရမယ်.."

"ဘယ်မှာလည်း.."

"သိဘူး..ဟိုတယ် တစ်ခုခုပေါ့..."

"ဘာ...သွားရမဲ့ နေရာ မသိတာတောင် ငါ့လာပြောနေတာ ငါထုလိုက်ရ..."

"အဲဒါ အရေးမကြီးဘူး..၀တ်စုံနဲ့ တွဲ ၀တ်ရမှာ ဒေါက်ဖိနပ်ကြီး..ငါ မစီဲးတက်ဘူး.."

ဒီဒီ က လက်ထဲမှာ ကွယ်ထားတဲ့ ဖိနပ်နှစ်ဖက်ကို ရှေ့ထုတ်ပြတော့ ဂျွန် ရယ်ချင်ပေမဲ့ မရယ်ရက်ပါ..။

"နင့်ကို ဒါတွေ မလုပ်တော့ဖို့ ပြောထားတယ်လေ..."

"မွေးနေ့ပွဲပဲ သွားမှာပါ..."

လှိုင်ဝင်းက လည်း သူရှိတာ စိတ်ချပါ ဆိုပြီး အထပ်ထပ် ပြောထားတော့ ဂျွန် ထပ်မပြောတော့ပဲ ဖိနပ်ကိုမေးငေါ့ပြပြီး

"စီးလေ..."

ဒီဒီ ဖိနပ်ကို အောက်ချပြီး စီးလိုက်တော့ ဖိနပ်က ကွတ်တိဖြစ်ပေမဲ့ လူက လေထဲမြှောက်နေသလို မြင့်နေသည်..။

"လျှောက်..."

"အဲ..အဲ..."

ဒီဒီ ကောင်းကောင်းလျှောက်နေပေမဲ့ ဖိနပ်က လိမ်သွားတော့..လူက ပြိုကျတာ ဂျွန် ဆီးဖမ်းလိုက်လို့ တော်ပါသေး၏။

"ကောင်းကောင်းလျှောက်ေ၇ှ့ ကြည့်လျှောက်လေ..တအားသတိမထားနဲ့..."

"အမ်း.."

"ငါ့လက်ကို ကိုင်ထား.."

ဂျွန် ကမ်းပေးတဲ့ လက်ကို ကိုင်ပြီး လျှောက်တော့ အဆင်ပြေလာသလိုလို ရှိသည်..။

ဖိနပ်က မြင့်တော့ ဒီဒီ စိတ်ကူးထဲ..စင်ပေါ်မှာ လျှောက်နေတဲ့ ဒီဒီ ကို အောက်က တွဲ ထားသလို ဖြစ်နေသည်..။

ဒီဒီ တောင် ခြေတောက်ညောင်းပြီး နာနေပြီ ဂျွန် လည်း အသွား အပြန်လိုက်လျှောက်ပေးနေတော့ ညောင်းနေမှာ သိပါသည်..။

သူခင်းသောလမ်း (Complete) حيث تعيش القصص. اكتشف الآن