သူခင်းသောလမ်း
အပိုင်း(၉)
#သူခင်းသောလမ်း
"ဒီဒီ ရပြီလား.."
"နေအုံး..နင်ဘာဖြစ်လို့ ကနာမငြိမ်ဖြစ်နေတာလည်း..သမ္မတ လာမှာ ကျနေတာပဲ.."
"ဒီဒီ နင် တလွဲ မလုပ်နဲ့နော်.."
"အေးပါ.."
ဂျွန် စိုးရိမ်နေတဲ့ ပုံကြည့်ပြီး ဒီဒီ ရယ်ချင်လာသည်..။
ဘာဖြစ်နေတာလည်း..တွေးမရ..။
"တီတောင်.."
"အဲလာကြပြီ..နင် ထွက်မလာနဲ့နော်.."
"အင်းပါ..ငါလည်း မအားဘူး."ဒီဒီ ဟင်းရည်အိုး မွေရင်း ပခုံးတွန့်မိသည်..
"လာ နေပိုင်နဲ့သရဖီပဲလား..ကျော်နိုင်ဦးရော.."
"အေး..လာမလို့ လုပ်ပြီးမှ သွားစရာရှိလို့တဲ့.."
"အော်....လာလေ..ထိုင်.."
သရဖီ က ဖိနပ်တစ်ဖက်မှောက်နေတာကို ခြေနဲ့ ထိုးလှန်လိုက်တော့..ဂျွန်စိတ်ထဲ ဒီဒီမ ကို ကျိန်ဆဲမိသည်..။
"ဂျွန်အိမ်လေးက နေတာကြာပြီထင်တယ်.."
"အင်း..ကိုတို့မွေးကတည်းက နောက်ပိုင်း သိပ်မပြင်ဖြစ်ဘူး..စုတ်နေပြီ.."
"အဲလို မပြောပါဘူး..နွေးထွေးတဲ့ အငွေ့အသက်လေးတွေ ခံစား၇တယ်..အဲ မုန့်ဟင်းရည်နံ့ကြောင့် ထင်တယ်
."စားမယ်ဆို..ကို.ယူလာလိုက်မယ်လေ.."
"နေပါ..သရဖီပဲ လုပ်လိုက်မယ်..မီးဖိုခန်းမှာ ကောင်မလေး ရှိတယ်မလား.."
..နည်းနည်း ရှုပ်နေလို့.."
"ရတယ်..ဧည့်သည်မှ မဟုတ်တာ.."
ESTÁS LEYENDO
သူခင်းသောလမ်း (Complete)
Romance"နင်ကလေ..ငယ်ငယ်က သောက်မြင်ကပ်ဖို့ပဲကောင်းတာ အခု ရွံ ဖို့ပါ ကောင်းလာပြီ.." ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ "ဒါကတော့ တန်ဖိုး ရှိတဲ့ အရာတွေကို သာမန် မျက်စိ နဲ့ မမြင်ရဘူးလေ..." ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ လူတွေက အမြင့်ပန်းကို နှစ်သက်ပေမဲ့ အမြင့်ပန်း...