Part 14

1.4K 95 13
                                    

သူခင်းသောလမ်း

Ops! Esta imagem não segue nossas diretrizes de conteúdo. Para continuar a publicação, tente removê-la ou carregar outra.

သူခင်းသောလမ်း

အပိုင်း(၁၄)

#သူခင်းသောလမ်း

"တီတောင်..."

"တီတောင်..တီတောင်....တီတောင်..."

"ဟ..မင်းခန့် ဇွတ်မနှိပ်နဲ့လေကွာ...ငါဆီမှာ သော့ပါတယ်..."

"မင်းညီမ အိမ်မှာ ရှိတယ်ဆို..."

"မနှိပ်နဲ့ဆို."

ဂျွန် သော့ထုတ်တာကို စိုးပိုင်က ချူပ်ထားပြီး...မင်းခန့်က ဘဲလ်ကို ထပ်နှိပ်သည်..။

ဒီဒီမ ထွက်လာပြီး ဆဲမှာမြင်ယောင်ပါသေးသည်..။

ဒီဒီ တံခါးနားမှာ ရပ်နားထောင်နေရင်း ညီမလို့ ပြောသံကြားလိုက်တော့မှ စိတ်က နည်းနည်းပြေသွားပြီး...တံခါးဖွင့်လိုက်သည်...။

"၀ိုး...."

"အိုမိုင်ဂေါ့..."

"မျက်လုံးကျိန်းလပ်တာ..."

"ယောက်ဖကြီး..လျိုတယ်ကွာ.."

တစ်ယောက်တစ်မျိုးဘာတွေ ရွတ်မှန်းမသိ...သရဖီ ကို စောင့်ခေါ်နေချိန် အကုန်လုံးက အိမ်ထဲ ၀င်ပြေးပြီ...။

"လာလေ..သရဖီ..."

"နေအုံး..ဟိုဟာ..."

သရဖီ လက်ညိုးထိုးပြီး မျက်လုံးဝိုင်းနေတော့...ဂျွန်လည်း လိုက်ကြည့်လိုက်တာ...

"ဟာ..."

ဒီဒီ က မြန်မာဝတ်စုံနဲ့ မျက်နှာကလည်း အရင်လို မဟုတ်ပြန်ဘူး..နှုတ်ခမ်းကို အနီဖျော့ဖျော့ ဆိုးထားပြီး မျက်နှာ မှာ မိတ်ကပ်ချယ်ထားတာ သဘာဝ ဆန်ဆန်မို့ ကလေးမျက်နှာပုံစံနဲ့ နုဖက်လွန်းနေသည်..။

"ညီမလေးက ဒီဂျေ ဆိုဒါ နဲ့ ဘာတော်လည်း ငင်..."

"ဟီး..ဘာမှ တော်ပါဘူး.."

သူခင်းသောလမ်း (Complete) Onde histórias criam vida. Descubra agora