Part 25

1.3K 83 2
                                    

သူခင်းသောလမ်း

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

သူခင်းသောလမ်း

အပိုင်း(၂၅)

#သူခင်းသောလမ်း

"ဒီဒီ နင် ရှေ့ကို ခြေဆန့် လို့ပြောနေတာလေ.."

"အား..နားငြီးလိုက်တာ.."

"ကျွတ်..တစ်ဖက်ချင်းလှမ်း..မိန်းမ ဆန်ဆန်လျှောက်ခိုင်းနေတာ ဖိုက်တာပုံ လျှောက်ချင်ရင် အဲဒီ အလုပ် မလုပ်နဲ့တော့.."

ဒီဒီ တို့ သင်တန်းက လေ့ကျင့်ဖို့ ပေးလိုက်တဲ့အခွေလေး အိမ်မှာဖွင့်ပြီး လေ့ကျင့်မိတာ..

ဂျွန် တို့ကပ်ပါလားပြီး အခုတော့ သင်တန်းက ဆရာမ ထပ် ဆိုးနေပါပြီ..။

"ဂျွန် ငါဟာ ငါ လျှောက်ပါမယ်ဟာ.နင် သွားအိပ်တော့သွား.."

"နင်အပြောခံရမှာ စိုးလို့လေ.."

"မစိုးနဲ့ မပြောဘူး..ငါ အခုကြော်ငြာတွေပဲ ရိုက်ပေးနေတာ...ဒါက လိုရမယ်ရသင်ပေးထားတာ.."

ဂျွန် စိတ်ညစ်နေပေမဲ့ တက်သလောက်ရှာဖွေ သင်ပေးနေရတာ သူ့ကို သည်းလွန်းလို့...။

အိမ်ပြန်ရောက်တာနဲ့ ဆရာမ က ဆူလို့ ခြေထောက်မမှန်ရင် ရိုက်ချိုးမယ်ပြောလို့ ဆိုပြီး ပွစိပွစိ လာတိုင်နေတာ..ဂျွန်က ဘာလုပ်တက်မှာလည်း..။

အင်တာနက်ကနေ ဗီဒီယိုတွေ ရှာ ဒေါင်းပြီး သူ့ကိုယ်စားကြည့်ပြီး သူ့ကို ပြန်သင်နေရတာ ယောင်္ကျားးစင်စစ် ကနေ နွဲ့နေရပြီ...ဒါလည်း ကြိုးစားပမ်းစားလိုက်မလုပ်ပါဘူး..လမ်းလျှောက်တာ လွယ်ပေမဲ့ ဒေါက်မစီးတက်တဲ့ ဒီဒီ အဖို့ ခက်နေမှာ သိတယ့် အိမ်မှာ သင်ပေးနေတာ..သူများတွေဆို မညှာမတာ အတင်းခိုင်းမှာ စိုးလို့ ...နည်းနည်းချင်း လုပ်ခိုင်းတာကို အသံစူးစူးနဲ့ ခံအော်နေတာ ထုရိုက်မိတော့မည်..။

သူခင်းသောလမ်း (Complete) Donde viven las historias. Descúbrelo ahora