နောက်နေ့တွေများမှာတော့ ဂျွန်မြောင်ဟာ ပုံမှန်အလုပ်တွေနဲ့
ပြန်အသားကျသွားသလောက် မင်ဆော့နှင့်တကွ ကုမ္ပဏီမှ လူတစ်ချို့ဟာ ကျန်းရီရှင်းရောဂါတတ်လို့ မပြီးသေးပုံပင် ။
တပတ်ကြီးများတောင်ကြာမှာဆိုတော့ တွေ့နေရမယ့် နေ့စဉ်အချိန်တွေမှာ ထိုတစ်ယောက်အကြောင်းတွေချည်း ဝေဆာနေမှာ လွန်ရာတော့လည်းမကျပါလေ ။သူရုံးလာပြီဆို ရုံးလာပြီဟေ့ ရုတ်စိရုတ်စိ။အခန်းပြင်ထွက်လာပြီဆို အခန်းပြင်ထွက်လာပြီဟေ့ ရုတ်စိရုတ်စိ။ နေ့လည်စာသွားစားပြီဆိုလည်း သည်လိုပဲ ။ ရုံးဆင်းပြီဆိုလည်း သည်အတိုင်းပဲ ။ ဖြစ်ပျက်နေကြပုံတွေကိုတော့ ရက်အနည်းငယ်သည်းခံထားရမည်ကလွဲရင် ကျန်တာအဆင်ပြေပါသည် ။
"ဂျွန်မြောင် ဒီည ဖျောင်ချန်းဘက်ကရုံးခွဲဖွင့်ပွဲအတွက် အပျော်ပါတီလုပ်မှာ လိုက်ခဲ့ "
ဘီးတပ်ကုလားထိုင်ကြောင့် တောင်နဲ့မြောက်ကို ဝှစ်ခနဲနေအောင် ကူးလိုက်သန်းလိုက်လုပ်နေသော မင်ဆော့က သူ့အနားဖတ်ခနဲရောက်လာပြီး ပြောသည် ။ သဘောထားကိုမမေးဘဲ တချက်လွတ်တွေလုပ်ပြန်ပြီ ။
"ညည့်နက်ရင် မသွားချင်ဘူး "
"အိမ်ကယောက်ျားက ညည့်နက်ရင်အပြင်မထွက်ရဘူး ပြောထားလို့လား "
"ဟေ့ကောင် "
ဝုန်းခနဲ ထိုင်ခုံကပါ မင်ဆော့ဘက်လှည့်သွားမိသည် ။ ဂျွန်မြောင့်စိတ်က လူရှုပ်တာကိုစိတ်ရှုပ်လို့မခံနိုင်တာကြောင့် ရယ် အေးအေးဆေးဆေးပဲနေချင်သူဖြစ်တာကြောင့် လူတရုံးရုံးနဲ့လုပ်ရမည့်အရာမျိုးဆို စိတ်မပါ ။ တချို့ခွန်အားစိုက်ရမည့်အလုပ်မျိုးသာ အပါးခိုသည်ခေါင်းရှောင်သည်ထင်ကြမည်စိုး၍ မဖြစ်မနေပါဝင်ဖြစ်သည် ။
အဲ့ဒါကိုနားမလည်တတ်ကြပဲ အားနွဲ့သလို မိန်းမဆန်သလိုပြောလာရင်တော့ ကလေးဆန်စွာ ဒေါတွေမာန်တွေလုပ်တတ်သည်။
"အေးလေ မင်းကညည့်နက်မှာကြောက်ရအောင် မိန်းကလေးလည်းမဟုတ်ဘူးလေ ။ ပြီးတော့ ကိုယ့်ကုမ္ပဏီက လုပ်မယ့်ပွဲကို မင်းကလည်း တတ်ရမှာပေါ့ကွ ။ ငါတို့ စီနီယာဂျူတို့လည်းပါမှာပဲကို "
![](https://img.wattpad.com/cover/144213120-288-k626.jpg)