-5-

2K 308 22
                                    

"ဟားဟား "

"ရီရှင်းနင်မ်းကနောက်တတ်တာပဲ ခစ်ခစ် "

ရယ်ကာမောကာ ဓာတ်လှေကားထဲကထွက်လာတဲ့ ရီရှင်းနဲ့ မိန်းကလေးနှစ်ယောက်ကို ဂျွန်မြောင်တည့်တည့်တပ်တိုး မိသည် ။ ဝင်တိုက်ခြင်းကို ဆိုလိုခြင်းမဟုတ်ပါ ။ အရယ်မျက်ဝန်းတွေနဲ့သူ့ကိုကြည့်လာသော ရီရှင်းအား မျက်လုံးလွှဲကာ ကိုယ်ကိုတိမ်းရှောင်ရင်း ဓာတ်လှေကားထဲ ဝင်လိုက်သည် ။

တံခါးမပိတ်သေးခင်အထိမြင်နေရဆဲ ကျောပြင်က ဝေးသာသွားတယ် နောက်လှည့်ကြည့်လာဖို့ ဝေးစွ ။

"ဒီနေ့ Family Event ရှိတယ်လေ "

"ဘာဖြစ်လို့လဲ "

"မင်းမတတ်ဘူးလား "

"စိတ်မပါဘူး "

ခပ်ပြတ်ပြတ်လေသံကြောင့် မင်ဆော့က ကြိုတင်စက်ကွင်း ရှောင်သလို ဖိုင်တွဲလေးတွေကိုင်ကာ ခပ်ဝေးဝေး
ရွေ့သွားသည် ။ သိမ်းစရာရှိသည့်ပစ္စည်းတွေကို သိမ်းကာ မတွေ့ရတာကြာပြီဖြစ်တဲ့ အရင်တပတ်ကဘပ်စ်ကားပေါ် အမှတ်မထင်ပြန်တွေ့ဖြစ်သည့် ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူထံ ဘီယာသွားသောက်ရန် မက်ဆေ့ဖြင့် ချိန်းလိုက်သည် ။

"ပြန်နှင့်ပြီ "

"အို ... ခေ "

ရုံးရှေ့မှာတော့ Event ပွဲသွားမည့် သူအချို့ယောက်ယတ် ခတ်နေကြသည် ။ ဌာနကတစ်ယောက်ယောက်များ သူ့ကိုမြင်သွားရင် အတင်းဆွဲထားမှာစိုးတာနဲ့ ဂျွန်မြောင်က ခပ်သုတ်သုတ်ပဲ အပြန်လမ်းဘက်ဦးတည်လိုက်တယ် ။

တီ .. တီ

လမ်းလျှောက်နေတဲ့သူ့ဘေးနား ဝူးခနဲထိုးရပ်လာတဲ့ ကားကတဆက်တည်းဟွန်းသံပါပေးလိုက်တော့ ထမဆဲမိအောင် ဘရိတ်အုပ်လိုက်ရသည် ။

"Event ပွဲမလိုက်ဘူးလား "

ခေါင်းပြူထွက်လာတဲ့ ရီရှင်းက သူ့မူအတိုင်း ပြုံးလို့ ။ ဂျွန်မြောင်တချက် ကားထဲကိုမျက်စိဝေ့ကြည့်ပြီးမှ စုပ်သပ်လိုက်သည် ။ အခုမှကားပါကင်ကဆွဲထုတ်လာသလား ဒါမှမဟုတ် သူ့ကိုများတမင်တကာစောင့်နေသလားမသိသည့် ရီရှင်းက ကားထဲမှာတစ်ကိုယ်ထီးတည်းဖြစ်သည် ။

MOMENTWhere stories live. Discover now